ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း ၅၀ ထက်မနည်းဖမ်းဆီးရမိပြီး ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Cobra Column 2 (Venom Column) ရဲ့ ထုတ်ပြန်ချက်နဲ့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဇွန်လ ၂ ရက်ကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မနေ့က ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ သေ့ဘောဘိုးစခန်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်က အလောင်း ၃၀ ကျော်ကို တွေ့ရှိရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအဖြစ် ဂျက်ဖိုက်တာ ၃ စီး၊ Y12 ၂ စီး နဲ့ လာရောက် ဗုံးကြဲခဲ့ပြီး ဝေါလေဗျူဟာကလည်း လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေ့ဘောဘိုးစခန်းကို KNLA၊ PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ Cobra Column 2 VENOM စစ်ကြောင်းက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၁၂၀ မမ အပါအဝင် လက်နက်ကြီးတွေနဲ့ အခြား လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုင်းနယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံကလည်း ထိုင်းလေပိုင်နက်ကို ကင်းလှည့်ဖို့ နခွန်စဝမ်ပြည်နယ် လေတပ်အခြေစိုက်စခန်းကနေ F-16 တိုက်လေယာဉ်နှစ်စင်း ကင်းလှည့်ပျံသန်းခဲ့ပါသေးတယ်။

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ သေ့ဘောဘိုး ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေထဲ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေထဲမှာ ဥကရစ်ထစခန်း၊ ဝေါ်လေဗျူဟာကုန်း ၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းနဲ့ နော်တရာ(​နောင်ခလာ)စခန်းတို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ညအချိန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ ရွာပြင် ထွက်အိပ်နေရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှု​ကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၄) လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီကင်းစင်အောင် လုပ်ပြီးရင် ဆက်စပ်နယ်မြေများကိုပါ ကူညီသွားမည်ဟု ချင်းညီနောင် ပြော

အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ကို လက်မလွှတ်ရရေးအတွက် အသည်းအသန် ခုခံကာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတယ်လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဒီနေ့ ဇွန်လ ၁၈ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Read More

ကျိုက်ထိုမှာ WY မူးယစ်ဆေးပြား ရောင်းဝယ်ရင်း တော်လှန်ရေးသတင်း ထောက်လှမ်းနေတဲ့ ရဲသတင်းပေးကို ပကဖ ဖမ်းဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က WY မူးယစ်ဆေးပြားရောင်းဝယ်ရင်း တော်လှန်ရေးသတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲသတင်းပေးကို ဖမ်းဆီးလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ အခြေခံစစ်ပညာ သင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲ အခမ်းအနား

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၁) စစ်ဒေသ၊ ယာယီဌာနချုပ်မှာ စက်တင်ဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။