ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီအနီးရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစစ်စခန်းမှတ်တမ်းရုပ်သံကို Justice Soldier PDF မှ ထုတ်ပြန်လိုက်ပါ တယ်။

သေ့ဘောဘိုးစစ်စခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေပြီး ၅၀ ကျော် လက်နက်ချအလင်းဝင်ခဲ့ကာ ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့်ဖိုက်စက်လက်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ ပါတယ်။

စခန်းသိမ်းတိုက်ပွဲကို K.N.L.Aပူး‌ပေါင်းတပ်များ၊ အမှတ် (၃၂)ဗျူဟာ လက်အောက်ခံ ကော်ဘရာစစ်ကြောင်း၊ Venom စစ်ကြောင်း၊ ကျားသစ်နက်စစ်‌ကြောင်း၊ Federal Wing ဒရုန်းတပ်ဖွဲ့နဲ့Justice Soldierတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်လျက်ရှိရာ မိဘပြည်သူများအနေနဲ့ ဘေးကင်းရာမှာ နေထိုင်ကြဖို့ Justice Soldier PDF မှ အသိပေးထုတ်ပြန် ထားပါတယ်။

Video – Justice Soldier PDF

0 Shares:
You May Also Like
Read More

ငါးဇွန်မြို့နယ် မင်းနေကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရဲစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းရှိ ရှိ အကြမ်းဖက်စစ်သားနဲ့ ရဲတွေကို အောက်တိုဘာ ၅ ရက် ညနေပိုင်းက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၅ ယောက် သေ၊ ၄ ယောက် အရှင်မိခဲ့တဲ့ ထားဝယ် ရွှေဂူဂိတ်စခန်းနှင့် စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှု (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီး‌ကျေးရွာက စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။
Read More

အာဏာရှင် အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့ရ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မတ်လ ၁၅ ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ကသာမြို့ ခမရ ၃၀၉ မှ အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၃၃ ယောက် သေပြီး ၃၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ခမရ ၃၀၉ ကနေ အင်းတော်မြို့သို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃၃ ဘောက်သေပြီး ၃၁ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ပျူစောထီး တသိုက်ကို ရှေ့ထွက်ပြောင်း ၅ပြောင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသက PDF တပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန်  စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။