ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းပေါ်တာဆွဲဖို့ကြိုးစားတဲ့ စစ်အုပ်စုတွေနဲ့  ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇီးကုန်းမြို့နဲ့ ဘော်ဘင်ရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၈၀ နီးပါးဟာ ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက်၊ ပဲခူးရိုးမအနီးက ပိတောက်မြိုင်ကျေးရွာကို ဝင်ရောက်ပေါ်တာဆွဲဖို့ ကြိုးစားချိန်မှာ တော်လှန်ရေးတပ်တွေနဲ့ စတင်ထိတွေ့ခဲ့တာလို့သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းကစလို့ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ ထိတွေ့တိုက်ပွဲရှိခဲ့ပြီးနောက်တစ်နေ့ (ဇွန်လ ၂ ရက်) နေ့လယ်ဘက်မှာလည်း စစ်အုပ်စုတွေ စစ်ကြောင်းထပ်ထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဘော်ဘင်ဆည်ရေလွှတ်မြောင်းဘောင်ပေါ်ကနေ အသင့်စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရတယ်လို့ BTZM GBK PDF တာဝန်ရှိသူက ပြောပါတယ်။

“၁ ရက်နေ့ မနက်က ရွာထဲဝင်ပြီး ပေါ်တာဆွဲတယ်။ ၈နာရီလောက်မှာ ကျနော်တို့နဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပေါ်တာလည်း ပါမသွားဘူး။ နောက်ပြန်ဆုတ်သွားတယ်။ ၂ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာလည်း စခတွေ စစ်ကြောင်းထပ်ထိုးလာတယ်။ ရွာတွေကိုမီးရှို့ဖို့လို့ သိရတယ်။ ဒါပေမယ့် မိုးရွာနေတော့ သူတို့ရှို့မရဘူး။ သူတို့ပြန်ထွက်လာပြီး ရေလွှတ်မြောင်းဘောင်ပေါ်ရောက်တဲ့အချိန်မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” လို့ BTZM GBK PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

၂ရက်တာ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၆ယောက်သေ၊ ၁ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး သေဆုံးသွားတဲ့အလောင်းတွေကို ဆွဲထုတ်ယူဆောင်ကာ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာအထိပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို တပ်ရင်း ၃၇၀၁၊ တပ်ခွဲဲ (၂) ၊ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တပ်ရင်းနဲ့အတူ ၃၈၀၁ တပ်ခွဲ (၁) Yoma GBK PDF တပ်ဖွဲ့နဲ့ တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ (၁) Dragon Brothers တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာအရှေ့တောင်ဘက်ကို စစ်အုပ်စု ဂျက်ဖိုက်တာများဖြင့် ဗုံးသီးအလုံး ၄၀ ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ရင်း စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။