မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 

MLA ရဲ့ တပ်တွင်းစည်းကမ်းဥပဒေတွေကို မလိုက်နာတဲ့ ရဲဘော်မျိုးဟိန်း (ခ) ကျောင်းသား၊ ရဲဘော်ဆန်းနိုင်လင်း၊ ရဲဘော်သန့်ဇင်သူ၊ ရဲဘော် မောင်ပိုင်၊ ရဲဘော် အောင်ဆန်းမိုး (ခ) ဗညားတို့ဟာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သက်ဆိုင်တဲ့ အထက်အရာရှိတွေကို သတင်းပေးပို့မှုမရှိဘဲ တာဝန်ကျရာနေရာကနေ စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

တပ်ဖွဲ့ဝင်တွေဟာ တာဝန်ကျနေရာမှာ အထက်အရာရှိကို သတင်းတင်ပို့ခြင်း၊ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ စွန့်ခွာတာဟာ စစ်ပြေးမှုမြောက်တာကြောင့် တပ်တွင်း ဥပဒေအတိုင်း အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“တပ်ပြေး ၅ဦးမှာ စစ်မှူထမ်းနောက်ပိုင်းမှ ဝင်လာတဲ့ ရဲဘော်လည်းပါသလို အဲ့မတိုင်ခင်တည်းက ရှိခဲ့တဲ့ ရဲဘော်လည်း ပါပါတယ်။ တပ်ဥပဒေကတော့ စစ်ပြေးမှုက ပြစ်မှုအပေါ်မူတည်ပြီး ထောင်ဒဏ် ၃နှစ်အောက်ကနေ ၃ နှစ်အထိ ရှိပါတယ်။ တပ်က ထပ်ပြီး ကြေညာပြောဆိုတာတွေ ရှိလာခဲ့ရင် အသိပေးပါမယ်” လို့ MLA သတင်းပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အခုလို တပ်ပြေးသွားတဲ့ ရဲဘော် ၅ယောက် ပါဝင်နေတဲ့ ပဋိပက္ခတွေနဲ့ လူမှုရေးကိစ္စတွေ ဖြစ်လာရင် MLA အနေနဲ့ တာဝန်ယူ ဖြေရှင်းမှာ မဟုတ်ကြောင်းကို ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစု စစ်ကြောင်းတွေ၊ တပ်ရင်းတွေကို လေးစားစွာ အသိပေးကြောင်းလည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေးဆိုသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနရဲ့ Deputy Director General , Principal Director for Asia, Oceania ed Antarctica. Directorate General for Globalization ဖြစ်သူ Ms. Alessandra Schiavo နဲ့ အခြားအစိုးရတာ၀န်ရှိသူတွေကို အီတလီနိုင်ငံ ၊ ရောမမြို့ရှိ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ရုံးခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ပညာရေးကဏ္ဍ အလေးထားမြှင့်တင်မယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ခန့်အပ်ရန် မေ့ကျန်ခဲ့

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်) ရာထူး ရယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ကျန်နေခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံနေပြီး အမ်း နပခ အဆောက်အအုံ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံ AA ထပ်မံထုတ်ပြန်

အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံရဲ့ နေရာတချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် မနေ့က ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး ၉ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်-ဇဂျမ်း လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

KNU မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံးနှစ်ပတ်လည်အစည်းအဝေး ပြုလုပ်၊ လူငယ်နှင့် နိုင်ငံရေးအခန်းကဏ္ဍ၊ လူငယ်နှင့်တော်လှန်ရေး အခန်းကဏ္ဍ၊ လူငယ်နှင့်အမျိုးသားရေးအခန်းကဏ္ဍများ ဆွေးနွေးခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ မြိတ်ထားဝယ်ခရိုင်မှာ ဇူလိုင်လ(၁၀)ရက် မနေ့က မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။