မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ PDF စခန်းကို ဝင်တိုက်တဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇွန်လ ၂ ရက်၊ မနေ့က မနက်ပိုင်းမှာ မြင်းခြံမြို့နယ်၊ လယ်သစ်ပျူစောထီးရွာကနေ ထွက်လာတဲ့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ တူးရွင်းဘို့ ဂိတ်ကို ဝင်ရောက်စီးနင်းဖို့ကြိုးစားချိန်မှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

မနက် ၆ နာရီခွဲကစလို့ ညနေ ၅ နာရီအထိ ​ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့သိရပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိတဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ ၆ယောက်ရှိခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

“စခစစ်ကြောင်းက အယောက်၂၀ ထက်မနည်း သေတယ်လို့ ထောက်ပို့တွေဆီက သတင်းရပါတယ်။ ကျနော်တို့ဘက်ကလည်း ပြည်သူ့ကြယ်တစ်ပွင့် အဖွဲ့က ရဲဘော်၁ယောက် ကျပြီး ၁ ယောက် ဒဏ်ရာရတယ်။ကျနော်တို့ အညာဒေသတော်လှန်ရေးအင်အားစုက ရဲဘော်၂ ယောက်ရယ်၊ မြင်းခြံ ပကဖ က ၁ ယောက်ရယ်၊ မြင်းခြံခရိုင်တပ်ရင်း၂ က ၁ ယောက်ရယ်လည်း ဒဏ်ရာရပါတယ်”လို့ အညာဒေသတော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အညာဒေသ တော်လှန်ရေးအင်အားစုနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ တိုက်ပွဲဖော်ဆောင်နေစဉ်

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို အညာဒေသတော်လှန်ရေးအင်အားစုနဲ့အတူ ရွှေခြံသား‎၊ နဂါးနီ၊ mp9၊ ပြည်သူ့ကြယ်တစ်ပွင့်၊ မြင်းခြံမြို့နယ် ပကဖ‎၊ ခရိုင် Drone ၊ မြင်းခြံခရိုင်တပ်ရင်း၂ နဲ့ Wolf Guerrilla Force အဖွဲ့တို့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေတွေအရ မြင်းခြံခရိုင်အတွင်းက မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတွေ ကြား နေ့စဥ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြင်းခြံခရိုင်အပါအဝင် ခရိုင်ချင်းစပ်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၉/အညာမြေစစ်ဆင်ရေးအဖြစ် ခရိုင်အဆင့် အထူးစစ်ဆင်ရေးတစ်ခုကို အရှိန်မြှင့်လုပ်ဆောင်နေတာဖြစ်ပြီး အရပ်သားတွေအနေနဲ့ သတိထားသွားလာကြဖို့လည်း မြင်းခြံခရိုင်တပ်ရင်း ၂ Myingyan Ranger အဖွဲ့ တာဝန်ရှိသူတစ်ယောက်ကလည်း တိုက်တွန်းထားပါသေးတယ်။

“စစ်​ကြောင်းထိုးဝင်လာတာ ဟုတ်ပါတယ်။ နှစ်ဖက် အထိအခိုက်ရှိပါတယ်။ ခရိုင်အဆင့် အထူးစစ်ဆင်ရေးစနေတော့ ပြည်သူတွေ သတိထားသွားလာစေချင်ပါတယ်။” လို့ မြင်းခြံခရိုင်တပ်ရင်း ၂ Myingyan Ranger အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

ခင်ဦးမှာ အရပ်သားရှင်ပြုပွဲကို စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီး၊ ရိက္ခာလုယူ၊ နေအိမ်တွေကို မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရှင်ပြုအလှူပွဲပြုလုပ်နေတဲ့ ရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်တွေ မီးရှို့သွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ဥကရစ်ထစခန်း ကာကင်းကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အရာရှိ အပါအဝင် စစ်သားတွေ လက်နက်ချအညံ့ခံ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောဒေသခံများ တွေ့ဆုံပြီးနောက် ၁၃ နှစ်ကြာ ပိတ်ထားသည့် မေဂျာဗလီ ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဂျာမေဗလီကို အာရက္ခတပ်တော် (AA) ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်မည်

ဒေါနစစ်ကြောင်း ၃ နဲ့ မွန်၊ ကရင်၊ ထားဝယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ မဟာမိတ်အဖြစ်  ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ Kanbauk Defense Force က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက နယ်ထိန်း ဒုတပ်ကြပ် ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။