မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ဇွန်လ ၂ ရက် မနက်ပိုင်းက အောင်မြေသာစံမြို့နယ် ၈၂ လမ်းနဲ့ ၂၄ လမ်းပေါ်ရှိ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံကို ဖြိုချခဲ့ရာ လမ်းမပေါ် ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၃၀ ရက်ကလည်း  ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း ၊ ၈၆ လမ်း နဲ့ ၈၇ လမ်းအကြားရှိ ငလျင်ဒဏ်သင့် အဆောက်အဦး တစ်လုံးကို ဖြိုချရာ ဆလပ်ပြင်ပြိုကျပြီး အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တည်ထောင်ခြင်း ၄ ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်က လွတ်မြောက်ဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
Read More

ထားဝယ် ပကာရီယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့မှု ဒူရကစစ်ကြောင်း ထုတ်ပြန် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ဖို့ ပြင်ဆင်ရာမှာ ဒရုန်းဗုံးသီးပေါက်ကွဲပြီး ရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ဖို့ ပြင်ဆင် ရာမှာ ဒရုန်းဗုံးသီးပေါက်ကွဲပြီး ဧရာဒေါင်းရဲ‌ဘော် မောင်အောင်ဇော်မျိုး(ခ) ဂဠေုန် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ကျဆုံးရဲဘော်ရဲ့ နာရေးစျာပနကို ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့ပြီး မိသားစုကို တပ်ရင်းမှာ သွား ရောက်တွေ့ဆုံကာ ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗောဓိတထောင်ဘုရားအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၃ ယောက်သေ၊ အများအပြားဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ ဗောဓိတထောင် ဘုရားအနီးက ရွှေမြင်တင်တောင်ဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၁ ရက် နေ့လည်နဲ့ ညနေပိုင်းတွေမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တဲ့ ဖီမော်မြို့ ကန်ဖန့်ရွာ ဒေသခံပြည်သူတွေက ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာကို အောက်တိုဘာ ၄ ရက် ညနေပိုင်းက KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်လာစဉ် ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မျှဝေထားပါတယ်။