ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီဇာအနီး ဆွတ်ဘွမ်ကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပွားပြီး လုပ်သား ၂ ယောက်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။

ဇွန်လ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်း၊ ဖားကန့်မြို့နယ် မှော်စီဇာအနီး ဆွတ်ဘွမ်‌ကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် လုပ်သား ၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဟာ စစ်ကောင်စီက အသေခံဒရုန်းနဲ့ ယမ်းဂိုဒေါင်ကို တိုက်ခိုက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို လက်နက်ကြီး ပစ်ခတ်တာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ အတိအကျကိုတော့ မောင်းအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဟာ ဇွန်လ ၃ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ဖားကန့်မြို့နယ် လုံးခင်း‌ကျေးရွာ မှော်စီဇာလုပ်ကွက် တစ်နေရာရှိ ကုမ္ပဏီပိုင်ယာဉ်တွေနဲ့ အဆောက်အအုံတချို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ငလျင်လှုပ်ခတ်ပြီးနောက်ဆက်တွဲ မန္တလေးသံလျှက်မှောက်အနောက်ရပ်ကွက် မီးလောင်ပြာကျခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့ သံလျှက်မှောက်အနာက်ရပ်ကွက်ဟာ ငလျင်လှုပ်ပြီးနောက်ဆက်တွဲ အကျိုးဆက် အဖြစ် မီးလောင်ခဲ့ရာ ရပ်ကွက်တစ်ခုလုံး ပြာကျခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကာကင်းစခန်းများနှင့် အဆောက်အအုံများ ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစခန်းကို မတ်လ ၁၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့  မြိုင် ထံက သိရပါတယ်။
Read More

မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို ဒီနေ့စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဗိဿနိုးတောင်‌ပေါ်တွင် တပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဗိဿနိုးတောင်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းကို ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက  Shar Htoo Waw နည်းပညာ Fixed wing Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

ထားဝယ်မြို့နယ်အတွင်း စျေးဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေ၊ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ YePhyu People Defence Force အဖွဲ့ထံက သိရပါတယ်။