အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် (ပကဖ) ကို ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) က လာရောက်တွေ့ဆုံပြီး ထောက်ပံ့ခဲ့တယ်လို့ နေပြည်တော် ပကဖ က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စု (CSC-Japan) ရဲ့ ကိုယ်စား ဦးမျိုးကြီးက နေပြည်တော် ပကဖ ဆီကို လာရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်း ပကဖ ရဲဘော်များ ရခိုင်စစ်မျက်နှာမှာ AA နှင့်အတူ တိုက်ပွဲဝင်ခဲ့၊ ပကဖ ရဲဘော် ၁၄ ဦးကျဆုံးပြီး ၄၇ ဦး ဒဏ်ရာရရှိခဲ့

ရခိုင်ပြည်နယ် စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော် နဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးရဲဘော်တွေ တိုက်ပွဲဝင်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်း စစ်တပ်စခန်းများနှင့် စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက် တပ်စခန်းတွေနဲ့ စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇)ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်-ပြည်လမ်းပိုင်း၊ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အင်အား(၅၀)ရှိ စစ်တပ်စခန်းတကို PDF တပ်ရင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
Read More

ဇန်နဝါရီ တစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ရေးပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများပါ ရရှိ 

၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

မြဝတီမြို့မှာ BGF ကားနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ကလေးငယ်အပါဝင် ၂ ယောက် သေဆုံးကာ BGF ကား မောင်းပြေးသွား..

ကရင်ပြည်နယ်၊ မြဝတီမြို့ အာရှလမ်းပေါ်က ရတနာ ထမင်းဆိုင်အရှေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေ မောင်းလာတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူအမျိုးသမီး နဲ့ ဆိုင်ကယ်ပေါ် ပါလာတဲ့ အသက် ၁၃ နှစ်ရှိတဲ့ ကလေးငယ်တို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ BGF ကားက ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Read More

မိုင်းထွက်ရှင်းတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါ ၅ ယောက် သေ၊ တပ်ကြပ်အလောင်းကို ပစ်ထားခဲ့လို့ တော်လှန်ရေးရဲဘော်တွေ မီးသဂြိုဟ်ပေးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာ ရိက္ခာထောက်ပို့ယာဥ်တန်းအတွက် မိုင်းထွက်ရှင်းတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။