ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇွန်လ ၂ ရက် မနေ့ကစလို့ ထိုင်းနိုင်ငံနဲ့ ၁ ကီလိုမီတာခန့်သာ ကွာဝေးတဲ့ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီနေ့ညနေပိုင်းမှာတော့ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

သေ့ဘောဘိုးစခန်းမကျရေးအတွက် စစ်ကောင်စီက လေယာဉ်တွေနဲ့ တောက်လျှောက် လေကြောင်းပစ်ကူ ပေးခဲ့သလို ဝေါလေဗျူဟာနဲ့ ဥကရစ်ထစခန်းကနေပါ လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံခဲ့တဲ့ကြားကနေ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုင်းနယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံကလည်း ထိုင်းလေပိုင်နက်ကို ကင်းလှည့်ဖို့ နခွန်စဝမ်ပြည်နယ် လေတပ်အခြေစိုက်စခန်းကနေ F-16 တိုက်လေယာဉ်နှစ်စင်း ကင်းလှည့်ပျံသန်းခဲ့ပါသေးတယ်။

စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းနယ်စပ်၊ ဖုတ်ဖရာ့နယ်မြေအတွင်းကို စစ်ဘေးရှောင်အမြောက်အမြား ထွက်ပြေးလာပြီး စုစုပေါင်း ၅၀၇ ယောက်ကို ခိုလှုံခွင့်ပေးထားတယ်လို့ ထိုင်းသတင်းမှာလည်း ဖော်ပြထားပါတယ်။ 

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီရဲ့ ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေထဲ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေထဲမှာ ဥကရစ်ထစခန်း၊ ဝေါ်လေဗျူဟာကုန်း ၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းနဲ့ နော်တရာ(​နောင်ခလာ)စခန်းတို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ပုလောမြို့နယ်ရှိ တမိုင်းတောင်စခန်းကုန်းမြင်ကွင်း (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တမိုင်းတောင်စခန်းကုန်းမြင်ကွင်းကို KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကိုဗစ်ချေးငွေပြန်မဆပ်သည့် လုပ်ငန်းများကို သတင်းစာမှာ အမည်နှင့်တကွ ကြေညာမည် ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကိုဗစ် ချေးငွေတွေကို လက်ရှိအချိန်အထိ ပြန်မဆပ်နိုင်သေးတဲ့ လုပ်ငန်းတွေကို သတင်းစာတွေကတဆင့် ထည့်သွင်းကြေညာတော့မယ်လို့ စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ရေမလုံလောက်မှုကြောင့် အိုးဘိုထောင်က အကျဉ်းကျခံထားရသူများ အရေပြားရောဂါ ဆိုးဝါးစွာခံစားနေရ

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင်မှာ ရေလုံလောက်မှု မရှိတာကြောင့် ထောင်အတွင်းက အကျဉ်းသား၊ အကျဉ်းသူတွေဟာ ယားနာဖြစ်ပွားပြီး အရေပြားရေးဂါကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

CDF CDM Siyin က စိုးမိုးနယ်မြေအတွင်းက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီး (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။