စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် ၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

တန့်ဆည်မြို့နယ်၊ သဲကုန်းကျေးရွာဖက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်က ဇွန်လ ၂ ရက် မနေ့က မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က နှစ်ပွင့်ဗိုလ် အရာရှိအပါအ၀င် ၈ ယောက် ‌‌သေဆုံးကြောင်း ကနဦးသိရပြီး ကာဘိုင်အမျိုးအစား သေနတ်နှစ်လက်နဲ့ ကျည်အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ PLA က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ တန့်ဆည်မြို့နယ် ပကဖ၊ တိုက်နယ် (၂) ပကဖ နဲ့ ရေဦးပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ အနီးကပ် သွားရောက်ပစ်ခတ်၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောင်းလုံး ပကဖ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ၂/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မပေါက်ကွဲသည့် ဟောင်ဝစ်ဇာဗုံးသီးကို မြို့နယ်ပကဖ ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ပြီး မပေါက်ကွဲသေးတဲ့ ဟောင်ဝစ်ဇာဗုံးသီးကို ဩဂုတ် ၁ ရက်မှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပျူစောထီးခေါင်းဆောင်ကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဗောဓိကုန်းရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းနှင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကာကင်းစခန်းများ တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ် တပ်ဘက်က ၈ ဦး သေဆုံး ၊ ၂ ဦး ဒဏ်ရာ ပြင်းထန်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်နဲ့ ရန်ကုန်-မန္တလေး အမှတ် (၁) လမ်းပိုင်းက အကြမ်းဖက် ကာကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်း ရမိခဲ့တယ်လို့ သရက်ခရိုင်ကွပ်ကဲရေးရုံးက ထုတ်ပြန်ပါတယ်။