မန္တလေးတိုင်းရှိ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၂)ရက် မနေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စိုးမိုးနယ်မြေဖြစ်တဲ့ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကနေ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ဆေးပြား (၆၇၆၂၆)ကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၃၁)ရက်ကလည်း မတ္တရာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ မတ္တရာမြို့နယ် ပအဖ ပလဖ တာဝန်ခံတွေ ၊ ဌာနဆိုင်ရာ ရေးရာတာဝန်ခံတွေ ပူးပေါင်းပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေနဲ့ သုံးစွဲသူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အောင်သပြေရဲဝန်းထဲကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဗဟိုချုပ်ကိုင်မှု လျှော့ချမယ့် ဖက်ဒရယ်အသွင် ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ပြင်ဆင်ရေးဆွဲနေပြီဟု တိုင်းရင်းသားလက်နက်ကိုင် (၉) ဖွဲ့ အသိပေး

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရေး အဓိက လုပ်ဆောင်သွားမယ်လို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ခုက ပူးတွဲကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ရေဖြူအခြေစိုက် စစ်ကော်မရှင်၏ ခမရ ၄၀၉ မှ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာ၊ ဆုငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၀၉) က စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင် လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်မှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မနက်ပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေ

မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။