စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K – Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ခေတ်အဆက်ဆက် မမျှတ မရှင်းလင်းတဲ့ စနစ်ဆိုးတွေကြောင့် လူမျိုးစုများစွာနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ များစွာသော လူနည်းစု လူမျိုးစုတွေဟာ နိုင်ငံရေးမှာသာမက လူမှုအသိုင်းအဝိုင်းမှာပါ လူမျိုးစုအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရဘူးလို့ ဆိုပါတယ်။

“အရင်ကတော့ ဒီလို ပြဿနာလေးတွေရှိတယ်။ မြန်မာနိုင်ငံမှာ တချို့လူမျိုးစုတွေကို လူမျိုးအနေနဲ့ အသိအမှတ်ပြုကြတာရှိတယ်။ တချို့လူမျိုးတွေကျတော့လည်း ရှိနေမှန်း ဘယ်သူမှ မသိကြဘူးပေါ့နော် ၊ သူတို့အနေနဲ့ တခြားလူတွေလို လူမျိုးစုတစ်ခုခုရဲ့ Identity မရှိခဲ့ကြရဘူး” လို့ ကမ်းပိန်းမှာ ပါဝင်သူတစ်ယောက်က မောင်း ကိုပြောပါတယ်။

ယခင်စနစ်တွေအရ လူမျိုးစုတွေအဖြစ် သတ်မှတ်ခံထားရတဲ့ မွန် ၊ ကရင် ၊ ဗမာ ၊ ပအိုဝ် တို့နဲ့အတူ လူမျိုးအဖြသ် သတ်မှတ်မခံထားရတဲ့ လူနည်းစုဖြစ်တဲ့ တမိလ် ၊ ကျူလီယာ ၊ တလေဂူ ၊ ဘင်္ဂလီ ၊ စူရ်တီ ၊ မေမန် ၊ ပထန် ၊ ဟင်ဒူစတန်နီ ၊ ပသျူး ၊ ဆစ်ခ် ၊ မဂိုသျှီအာ ၊ ဘာဘူ ၊ ဂူဂျရာတီ နဲ့ အခြားလူနည်းစု လူမျိုးစုတွေဟာ ရာမညဒေသမှာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ လူနည်းစုလို့ သတ်မှတ်ခံထားတဲ့ အုပ်စုတွေဟာ အများအားဖြင့် K – Word လို့ ခေါ်ဆိုခံရတဲ့အုပ်စုတွေပဲဖြစ်ပါတယ်။ လူမျိုးပေါင်းစုံနေထိုင်ကြတဲ့ ရာမညဒေသမှာ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ ၊ ကပ်တွယ်နေတဲ့ စနစ်ဆိုးတွေကို တွန်းလှန်ဖို့ ၊ လွတ်လပ်ပြီး တန်းတူညီမျှမှုရှိတဲ့ စနစ်သစ်ကိုဖော်ဆောင်ဖို့ဟာ ဒေသတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ တာဝန်တစ်ရပ် ဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“K – Word နဲ့ သုံးနှုန်းပြီး ခေါ်ကြတာမျိုးရှိတယ်။ သူတို့ကတော့ ဒီအသုံးအနှုန်းကို မကြိုက်ကြဘူးပေါ့၊ လူမျိုးစုအခြေပြုတဲ့ မြန်မာနိုင်ငံမှာ လူမျိုးစုအဖြစ် အသိအမှတ်ပြုမခံရတဲ့ နောက်ဆက်တွဲမှာတော့ မညီမျှမှုတွေ အများကြီးဖြစ်တာပေါ့၊ အခုချိန်ကတော့ တော်လှန်ရေးနဲ့အတူ အနာဂတ်ဖက်ဒရယ်အတွက် တည်ဆောက်လာကြတာတွေရှိတယ်။ အနာဂတ် ဖယ်ဒရယ်မှာတော့ ကျနော်တို့က အရင်စနစ်ဆိုးက အတွေးအခေါ်ဟောင်းတွေ ပုံစံအဟောင်းတွေ မသယ်ခဲ့တော့ဘူး” လို့ဆိုပါတယ်။

အဆိုပါ ကမ်ပိန်းကို ရာမညဒေသရှိ လူနည်းစု လူငယ်တွေ စုပေါင်းလုပ်ဆောင်ကြတာဖြစ်ပြီး ကမ်ပိန်းကနေတစ်ဆင့် လူနည်းစုတွေစုပေါင်းကာ Identity တစ်ခုဖြစ်လာဖို့ရည်ရွယ်ကြောင်း၊ အဲ့ကနေတဆင့် ရာမညဒေသရှိ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ တခြားလူမျိုးစုတွေနဲ့ ပူးပေါင်းတော်လှန်ကြဖို့နဲ့ ပြည်နယ် ၊ ဖက်ဒရယ်ယူနစ်အသစ်ကို အတူတူ စုပေါင်းတည်ဆောက်နိုင်ကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ K Word မှသည် Identity Campaign)

0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက် မနေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြေပြင်ဆင်း ဆေးကုသနေသည့် Free Burma Ranger ဆေးမှူး နော်ဆေးမူးဖော စစ်ကောင်စီ၏ မီးလောင်ဗုံး ထိမှန်သေဆုံး

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ တောင်ငူခရိုင်၊ ထန်းတပင်(ထောတထူး) မြို့နယ်အတွင်းက လေကြောင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေတဲ့ Free Burma Ranger (FBR) ရဲ့ ဆေးမှူး နော်ဆေးမူးဖောဟာ မီးလောင်ဗုံးထိမှန်ဒဏ်ရာနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
Read More

တောင်ဒဂုံတွင် ဆိုင်ကယ်နှင့်ထွက်လာသည့် ပျူစောထီးများ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးပြီး ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ရက်တာဝန်ရှိသူက မောင်းကို ပြောပါတယ်။