ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကြောရေးပို့ဆောင် ဖမ်းဆီးထားပြီး သိပ်မ​ကြာခင်မှာပဲအကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူတွေက မောင်းကို အတည်ပြုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြုအဖြစ် ရွာငံမြို့နယ်ကနေ ဝင်ရောက်ရွေးချယ်ခံရင်း ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့က ခြံတစ်ခြံမှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလိုဖမ်းဆီးပြီးတဲ့နောက် မန္တလေးအိုးဘိုထောင် စစ်​ကြောရေးကို ပို့ဆောင်ခဲ့ပြီး လပိုင်းလောက် မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့ရင်း အခုလို သေဆုံးကြောင်း သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“ဒလန်သတင်းပေးတာပဲဖြစ်မယ်။ ဘာလို့ဆို သူရှောင်နေတဲ့ ကော်ဖီခြံထဲအထိ ဝင်ဖမ်းသွားတာ။ သူက စစ်ဘေးရှောင်တွေအရေးပဲ လုပ်ပေးနေတာ။ PDF နဲ့လည်း ဘာမှပတ်သက်မှုမရှိဘူး။ အဲ့ဒါ ၅၀၅နဲ့ ပြင်ဦးလွင်ဘက်မှာ ရှောင်နေချိန် အဖမ်းခံရတာ။ မန်းလေး အိုးဘိုထောင်စစ်ကြောရေးကို ပို့တယ်။ အဲ့မှာကျတယ်ပဲ ထင်ပါတယ်။ သူကျတဲ့အကြောင်း ၄လပိုင်းလောက်ကတည်းက ကြားပေမယ့် အတည်မပြုနိုင်သေးဘူး။ အခုတော့ အားလုံးလည်းပြောလာတော့ အတည်ပြုလိုက်တာပါ” လို့ ဦးအောင်စိုးမင်းနဲ့ နီးစပ်သူ၁ယောက်က မောင်းကို ပြောပါတယ်။

စစ်ကြောရေး၌ ကျဆုံးခဲ့သည့် ရွာငံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်း

ဦးအောင်စိုးမင်းအနေနဲ့ ဖမ်းဆီးမခံရခင်အချိန်အထိ CRPH ရဲ့ ရှမ်းပြည်နယ် ပြည်သူ့ရေးရာကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူရင်း ရှမ်းပြည်နယ်အတွင်းက CDM ဝန်ထမ်းတွေအရေး ဖြေရှင်းပေးခဲ့သလို စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု ထောက်ပံ့ကြေးတွေ ရရှိအောင်လည်း လုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း သိရပါတယ်။

“သူက CRPH မှာပါပေမယ့် PDF တွေနဲ့တော့မပတ်သက်ဘူး။ စစ်ရေးမှာဝင်မပါဘူးပေါ့။ ရှမ်းတောင်က CDM တွေ၊ စစ်ရှောင်တွေ၊ နိုင်ကျဥ်းတွေကို ထောက်ပံ့ပေးတယ်။ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကူညီပေးတယ်။ သူက ရွာငံကနေ ၂ကြိမ်ဆက်တိုက် နိုင်ထားတာပါ။ လာဘ်ပေးလာဘ်ယူ လုံးဝမရှိဘူး။ ပိုင်ဆိုင်မှုလည်း သိပ်မရှိဘူး။ အိမ်ထောင်မရှိတဲ့ လူပျိုကြီးပါ။ ရှမ်းတောင်အတွက် အားကိုးအားထားရတဲ့ သူတစ်ယောက်ဆိုတော့ အခုလိုဖြစ်တာ နှမြောမိ၊ စိတ်မကောင်းဖြစ်မိတာပေါ့” လို့ အဆိုပါ နီးစပ်သူက မောင်းကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီး ၄နှစ်တာကာလအတွင်း NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ၄ယောက်နဲ့ ပါတီဝင် ၁၀၇ယောက်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သလို လွှတ်တော်ကိုယ်စားလှယ် ၁၉၅ယောက်နဲ့ ပါတီဝင် ၂၄၉၆ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စစ်ကြောရေး၌ ကျဆုံးခဲ့သည့် ရွာငံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်း
0 Shares:
You May Also Like
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့နယ်အနီးက စွယ်တောက်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး၊ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ မိုးဗြဲ PDF ထံ ခိုလှုံ

အဓမ္မစစ်မှုထမ်းဖို့ စုဆောင်းခြင်းခံရတဲ့ စစ်ကောင်စီ တပ်သားတစ်ဦး ဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူလူထု လေကြောင်းရန်ကာကွယ်ရေးအတွက် MDY-PDF အရေးပေါ် ဗုံးခိုကျင်းများ ဆောက်လုပ်ပေးနေ

မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေး၊ အသက် ၁၅ နှစ်အပါ စစ်သုံ့ပန်း ၃ ဦးဟာ ပေါ်တာဆွဲ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၆ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။