လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။

FPV ဒရုန်းတွေဟာ ငှက်ကင်မရတောင် ငှက်သိုက်တွေကို ဖြိုနိုင်တယ်ဆိုတာကို FPV ဒရုန်းတွေကို အသုံးပြုပြီး ယူကရိန်းက ရုရှားကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်က မီးမောင်းထိုးပြနေပါတယ်။ 

အဲဒီတိုက်ခိုက်မှုမှာ ယူကရိန်းဟာ ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ အပါအဝင် လေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေကနေ ဖော်ပြကြပါတယ်။

ပျက်စီးမှုတွေထဲမှာ  ရုရှားရဲ့ ဗျူဟာမြောက် စစ်လေယာဉ်တွေဖြစ်တဲ့ Tu-95 ၊ Tu-22M ဗုံးကြဲလေယာဉ်တွေနဲ့ A-50 ထောက်လှမ်းရေးလေယာဉ်တွေ ပါဝင်ပြီး ရုရှားအနေနဲ့ ဒေါ်လာ ၇ ဘီလီယံ (ယူရို ၆.၁၇ ဘီလီယံ) ခန့် ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။ 

အတန်းလိုက် မီးလောင်နေတဲ့ ရုရှားရဲ့မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေပါ

ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ဒီစစ်ဆင်ရေးကို အချိန် တစ်နှစ်ခွဲခန့် ကြိုတင်ပြင်ဆင်ခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ယူကရိန်းစစ်တပ်ဟာ နိုင်ငံတွင်းလေယာဉ်ကွင်းတွေမှာ FPV ဒရုန်းတွေကို ဉာဏ်ရည်တု (AI) စနစ် ထည့်သွင်းလေ့ကျင့်ခဲ့ပြီး လက်တွေ့စစ်မြေပြင်မှာ အဆိုပါဒရုန်းတွေကို ပစ်မှတ်တွေဆီ အရှိန်နဲ့ အသေခံဒိုင်ဗင်ထိုး တိုက်ခိုက် ဖျက်ဆီးစေခဲ့တာဖြစ်တယ်လို့ ယူကရိန်းမီဒီယာတွေက ဆိုပါတယ်။ ဒရုန်းတွေကို သစ်သားကွန်တိန်နာတွေထဲ ထည့်သွင်းကာ ပစ်မှတ်တွေအနီးထိ ကုန်ကားတွေကို မောင်းနှင်စေပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့အတွက် ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အလုပ်မဖြစ်တော့ဘူးလို့လည်း ဆိုကြတာပါ။

FPV ဆိုတာဟာ First person view ကို ဆိုလိုတာဖြစ်ပြီး Smartphone၊ tablet တွေရဲ့ screen ကနေ မြင်ကွင်းတွေကို မြင်ရတာမျိုးမဟုတ်ဘဲ FPV goggles တွေတပ်ဆင်ပြီး ဒရုန်းထဲ ဝင်ထိုင်‌နေသလိုမျိုး မြင်ရသလို မြင်ရတာကို First Person View လို့ ခေါ်တာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်တွေမှာတော့ ဒရုန်းဝါသနာရှင်တွေက FPV ဒရုန်းတွေကို အပျော်တမ်း ဒရုန်းပြိုင်ပွဲတွေမှာ အသုံးပြုခဲ့ကြပြီး ကင်မရာတွေနဲ့ ဒရုန်းနည်းပညာ တိုးတက်လာတဲ့အခါမှာတော့ ရိုက်ကူးရေးတွေမှာပါ FPV ဒရုန်းတွေကို သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။ 

လေတပ်စခန်းနားရပ်ထားတဲ့ ထရပ်ကားနောက်က Container ထဲကနေ ပျံတက်လာတဲ့ ယူကရိန်း FPV ဒရုန်းတစ်စင်း

သမာရိုးကျ ဒရုန်းနဲ့မတူတဲ့ FPV ဒရုန်းတွေရဲ့ အားသာချက်တွေကတော့ ပျံသန်းရ လွယ်ကူအောင်၊ အန္တရာယ်ကင်းအောင် ထိန်းထားတဲ့ စနစ်တွေကို ပိတ်ထားပြီး မောင်းနှင်သူက ဒရုန်းကို စိတ်ကြိုက် ထိန်းချုပ်လို့ရတာကြောင့် အရေးပေါ် အခြေအနေတွေမှာ အရှိန်နဲ့ ရုတ်တရက်ကွေ့တာ၊ ကျွမ်းထိုးတာ‌ မျိုးတွေကို လုပ်ဆောင်လို့ရတာပဲ ဖြစ်ပါတယ်။ FPV ဒရုန်းတစ်စင်းကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ဖို့ဆိုရင် လေ့ကျင့်ချိန်ဟာ လနဲ့ချီပြီး လိုအပ်မှာ ဖြစ်ပါတယ်။

လက်ရှိချိန်မှာ ငွေကုန်ကြေးကျများပြီး ဝယ်ယူရခက်ခဲတဲ့ လေယာဉ်ပစ်လက်နက်တွေထက်စာရင် FPV ဒရုန်းတွေကို ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲဆိုတာကို လေ့လာပြင်ဆင်နေကြောင်း တော်လှန်ရေးအဖွဲ့အချို့ကလည်း ဆိုပါတယ်။ 

“FPV ဒရုန်းတွေက တစ်စင်းကို ဒေါ်လာ ၅၀၀- ၁၀၀၀ လောက်နဲ့ စတင် ဝယ်ယူနိုင်တာကြောင့် ဈေးသက်သာတယ် ပြောနိုင်တယ်၊ ပစ်မှတ်တွေကို တိတိကျကျတိုက်ခိုက်နိုင်တယ်၊ ဒါ့ကြောင့် အခုဆိုရင် စစ်ပွဲအတွင်း ထိခိုက်ပျက်စီးမှု တော်တော်များများက FPV ဒရုန်းတွေကြောင့် ဖြစ်လာတယ်။ ‌FPV ဒရုန်းတွေ ပစ်မှတ်ထားတာမှာ ခြေလျင်စစ်သည်၊ သံချပ်ကာယာဉ်၊ ဘန်ကာ၊ လေကြောင်းကာကွယ်ရေးစနစ်တွေသာမက ဒရုန်းအချင်းချင်း၊ အနိမ့်ပျံရဟတ်ယာဉ်တွေ အထိ ပါဝင်နေပါတယ်”

Operation Web အတွင်း အသုံးပြုခဲ့တယ်လို့ ဆိုတဲ့ Fiber optic FPV drone တစ်စင်း

“အားနည်းချက်တချို့ရှိပေမယ့် ဒေါ်လာ ၅၀၀-၁၀၀၀ လောက်သုံးပြီး တင့်ဖျက် ပဲ့ထိန်းဒုံးကျည်လို စွမ်းရည်မျိုး ရနိုင်တာကြောင့် အင်မတန် အသုံးဝင်တဲ့ လက်နက်စနစ်တစ်ခု ဖြစ်လာနိုင်ပါတယ်”လို့ စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေရဲ့ အသုံးဝင်ပုံနဲ့ ဆက်စပ်အကြောင်းအရာတွေကို မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 က FPV ဒရုန်းနဲ့ အသုံးဝင်ပုံတွေကို မောင်းကို ပြောပါတယ်။ 

အခုဆိုရင်တော့ ရုရှား ယူကရိန်း စစ်ပွဲတင်မကဘဲ မြန်မာနိုင်ငံက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေမှာလည်း ၂ ဖက်လုံးက FPV ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာမယ်လို့ ခန့်မှန်းမှုတွေလည်း ရှိလာပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးမှာ ဒရုန်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ စစ်ကောင်စီကလည်း သူတို့ရဲ့ ဒရုန်းစွမ်းရည်တွေ မြှင့်တင်လာတာကို ရှေ့တန်းစစ်မြေပြင်တွေမှာ တွေ့မြင်လာတာမို့၊ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း FPV ဒရုန်းနဲ့ ဒရုန်းနည်းပညာကို  ပိုပြီးအားစိုက်သင့်တယ်လို့  ပညာရှင်တချို့က အကြံပြုကြပါတယ်။  

ဒရုန်းတွေကို ဝှက်ပြီးသယ်ဖို့အတွက် container တွေပါ
Container အမိုးမှာ အံဝှက်တွေထည့်ပြီး သယ်တာဖြစ်ပါတယ်။

Tactical Raptor 2.0 က ဆက်လက်ပြီး “တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေမှာလည်း သိပ်အများကြီးတော့ မဟုတ်သေးပေမယ့် FPV ဒရုန်းသုံးတာတွေ ရှိပြီးသားပါ။ ဒါပေမယ့် သုံးတဲ့ဖြစ်စဉ်တွေကို လူထုကို ချပြလို့ မရသေးတဲ့ သဘောမျိုး တွေ့ရမှာပါ။ (အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဗီီဒယိုကလစ်အရ) ဗန်းမော်မှာ ပျက်ကျသွားတဲ့ စကစ Mi-17 ရဟတ်ယာဉ်ဆိုရင် KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက FPV ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ ပြောလို့ရပါတယ်”

“FPV ဒရုန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေက သာမန်အရပ်သားဝယ်လို့ရတဲ့ ပစ္စည်းတွေဖြစ်ပေမယ့် ငွေကြေးအခက်အခဲရှိတဲ့ ‌မြန်မာပြည်က တော်လှန်ရေးအဖွဲ့တွေအတွက်တော့ ဈေးကြီးနေဦးမှာပါ။ ဒီလို ဈေးကြီးနေသည့်တိုင် FPV ဒရုန်းတွေဆိုတာ တော်လှန်ရေးအဖွဲ့တွေ အားစိုက်သင့်တဲ့ ကဏ္ဍတစ်ခုလို့ မြင်ပါတယ်။ NUG အနေနဲ့လည်း ကန့်သတ်ချက်တွေများတဲ့ လေယာဉ်ပစ်ဆိုတာထက် FPV ဒရုန်းလိုသုံးနိုင်ဖို့ ပိုမိုအားစိုက်သင့်တယ်” လို့လည်း အကြံပြု ပြောဆိုပါတယ်။ 

FPV ဒရုန်းတွေဟာ အညာမှာ ဗုံးကြဲနေတဲ့ စက်တပ်လေထီးတွေကိုသာမက  စစ်ကောင်စီရဲ့ ဘန်ကာတွေ၊ သံချပ်ကာယာဉ်တွေထိပါ ထိထိရောက်ရောက် တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ 

သာမန် FPV ဒရုန်းတွေအပြင်၊ စစ်ကောင်စီရဲ့ Jammer တွေကို ဖျက်ဆီးပြီး သမားရိုးကျ ဒရုန်း‌တွေ ဝင်လာနိုင်အောင် လမ်းကြောင်းဖွင့်ပေးတဲ့နေရာမှာ Fiber optic FPV ဒရုန်းတွေကို အနာဂတ်မှာ အသုံးပြုလာနိုင်တယ်လို့လည်း ဆိုပါတယ်။ 

“လေယာဉ်ပစ်ဆိုတာက နိုင်ငံပေါင်းစုံက ထိန်းချုပ်ထားတဲ့ စစ်လက်နက်ပစ္စည်းဖြစ်တာကြောင့် ရရှိဖို့ မလွယ်နိုင်ဘူး။ ရမယ်ဆိုရင်လည်း တိုက်ပွဲချိန်ခွင်လျှာကို ပြောင်းပေးနိုင်လောက်အောင် လုံလောက်တဲ့ အရေအတွက် မရနိုင်တာ သေချာတယ်။ ဒါ့ကြောင့် ဒရုန်းနည်းပညာကို ပိုပြီး အားစိုက်သင့်တယ်လို့ မြင်ပါတယ်” လို့ Tactical Raptor 2.0 ကထောက်ပြပြောဆိုပါတယ်။ 

အချုပ်အားဖြင့် ခေတ်သစ်စစ်ပွဲတွေမှာ FPV ဒရုန်းတွေဟာ အရေးပါတဲ့နေရာကို တိုးဝင်နေတာဟာ အသေအချာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ ဒရုန်းတပ်ဖွဲ့ဝင်တစ်ယောက်ကတော့ သူတို့နဲ့ စစ်ကောင်စီတပ်အကြား ဒရုန်းပြိုင်ဆိုင်မှု ပိုမိုမြင့်တက်လာနိုင်ပေမယ့် စိတ်အားထက်သန်ပြီး တော်လှန်လူငယ်တစ်ယောက်အနေနဲ့တော့ “ငှက်ကင်လို့ မရရင် ငှက်သိုက်ကိုတော့ ရအောင်ဖြိုဖျက်သွားမယ်” လို့ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 
Read More

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်ကောင်စီ ဟန်ပြလုပ်ဆောင်ရင်း အရပ်ဘက် ကယ်ဆယ်ရေးသမားများကိုလည်း အာဏာပြတားဆီးနေ

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ အပေါင်းအပါတွေက ဟန်ပြလုပ်ဆောင်ရင်း အကူအညီပေးမယ့် အရပ်ဘက်ပရဟိတအဖွဲ့တွေကိုလည်း အာဏာပြစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်တပ်အင်အား ယုတ်လျော့လာမှုနဲ့အတူ စစ်မှုထမ်း အပတ်စဉ် (၈) မှာ လူသစ်စုဆောင်း ဖမ်းဆီးမှုတွေ ပိုမိုဆိုးဝါးလာနေ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တိုက်တိုင်းရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပရုတ်လုံးလိုပဲ လုံးပါးပါးကာ အင်အားပိုမိုချိနဲ့လာနေပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်မှုထမ်းဆင့်ခေါ်မှုရဲ့ လက်ရှိ အပတ်စဉ် (၈) လူသစ်စုဆောင်းမှုဟာ အရင်အခေါက်တွေထက် ပိုမိုဆိုးဝါးလာပါတယ်။
Read More

KK Park စီးနင်းမှုအပြီး လွတ်မြောက်ခွင့်ထက် ဒေါ်လာ ၁,၄၀၀ လစာကို ရွေးချယ်သွားသည့် ‘ကျားဖြန့်’ ဝန်ထမ်းများ

ပြီးခဲ့တဲ့တလောက မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်တာနက် လိမ်လည်မှုဂိုဏ်းတွေထဲက တခုကို ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေ ဖြစ်သွားပြီးတဲ့နောက်ပိုင်း အဲဒီနေရာတွေကနေ ထွက်ပြေးလာတဲ့ ဝန်ထမ်းတွေဟာ အနီးအနားက တခြား "ကျားဖြန့်" လုပ်ငန်းတွေမှာ အလျင်အမြန် ပြန်ပြီး အလုပ်ဝင်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ဝန်ထမ်းအပြိုင်အဆိုင် စုဆောင်းမှုတွေ ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေနဲ့ အတွင်းလူတွေရဲ့ အဆိုအရ သိရပါတယ်။
Read More

ထိုင်းက ပြန်ပို့လိုက်တဲ့ ‘စစ်ကောင်စီငရဲခန်းမှသည် ဒေါနတောင်ပေါ်ဆီ’

ဘေးပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိ ဖုံးလွှမ်းနေပြီး ဆောင်းညလယ်ကြီးမှာ အသက် (၂၆) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ယောက်ဟာ ချမ်းအေးလှတဲ့ ဆောင်းတွင်းကို မေ့သွားရလောက်အောင် ဇောချွေးတွေ ပြန်နေပါတယ်။
Read More

တစ်နိုင်ငံလုံးကို စစ်ထောင်ချလိုက်တာ … စစ်မှုထမ်း မတရားဥပဒေနဲ့ သူတို့ အသက်ဆက်ဖို့ကြံတာ

စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ မတရားဥပဒေတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းအသက်သွင်းခဲ့တာဟာ စစ်မှုထမ်း အပတ်စဉ် (၉) အထိကို ရောက်ရှိလာခဲ့ပါပြီ။