မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၃၁ရက် ညပိုင်းက မတ္တရာမြို့နယ်၊ ရွှေလောင်းချောင်းဘောင်ဘေး အမှိုက်ပုံမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်ကို ဝတ်လစ်စလစ်အနေအထားနဲ့ လဲနေကြောင်း ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ မရှိခဏရွာက စစ်ဘေးရှောင် ၁ယောက်ဖြစ်ပြီး တိုက်ပွဲအခြေအနေတွေကြား စစ်ဘေးတိမ်းရှောင်နေစဥ် အခုလို ကျူးလွန်ခံခဲ့ရတာဖြစ်ကြောင်း၊ ပင်ကိုယ်စိတ်ကျန်းမာရေး အားနည်းပြီး လျှောက်သွားရာက စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးချိန် အခုလိုဖြစ်ခဲ့ကြောင်း သိရပါတယ်။

“သေတော့မသေဘူး။ နှိပ်စက်ခံထားရတယ်လို့ ပြောတယ်။ အပေါ်ပိုင်းအကျီရယ် အောက်ပိုင်းအတွင်းခံပဲနဲ့ အမှိုက်ပုံမှာ ပစ်သွားတာပါ။ ဖြစ်တဲ့နေရာက စစ်တပ်အထိုင်နဲ့လည်း နီးတယ်။ စခတွေ မကြာခဏ ဝင်ထွက်နေကျပါ။ PDF ထိန်းချုပ်တဲ့နေရာမဟုတ်ဘူး။ စကားတောင်မှာက စကစလက်နက်ကြီးအထိုင်ရှိတယ်။ မရှိခဏဘုရား နဲ့တော်တော်နီးတယ်၊ ပြောရရင် အဲ့နား စစ်ရှောင်တဲ့သူတွေက သာမန်အရပ်သားအပြင် ပျူစောထီးတွေများတယ်” လို့ Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို ပြီးခဲ့တဲ့နှစ် ရှမ်းမန်းစစ်ဆင်ရေးအတွင်း MDY PDF ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရင်း စစ်​ကောင်စီစခန်း အများအပြားကို သိမ်းထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း မတ္တရာ​မြို့ကို လက်လွှတ်ထားရသလိုဖြစ်နေတဲ့ စစ်အုပ်စုတွေက လက်ကျန်အထိုင်စခန်းတွေကနေ ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် မြို့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး စစ်ကြောင်းဝင်မီးရှို့တာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ လေ​ကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်တိုင်းလိုလို ရှိနေတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ Voice Of Mandalay က ၂၀၂၁ အာဏာသိမ်းကာလအစတည်းက Scout လူငယ်တွေနဲ့စုဖွဲ့ပြီး အခက်အခဲတွေကြားထဲက ရပ်တည်နေတာပါ။ သတင်းတွေဆက်ပြီး စုံစမ်းနိုင်ဖို့ ဆိုင်ကယ်အပါအဝင် လျှပ်စစ်မီးအခြေအနေတွေအတွက် ဘက်ထရီအိုး၊ Icon၊ Record ဖမ်းစက်တွေလိုနေပါတယ်။ ပြည်သူတွေ ထောက်ပံ့ပေးစေချင်ပါတယ်” လို့လည်း Voice Of Mandalay တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံး၊ ကလေး(၂) ဦးနှင့် ပြည်သူ (၁) ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက်အပါ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သမိုင်းဝင်ခြံအမှတ် ၅၄ ကိုလျှော့စျေးဖြင့် လေလံတင်မတင် ရက်ပိုင်းအတွင်း တရားရုံးကဆုံးဖြတ်မည်

ရန်ကုန်မြို့က သမိုင်းဝင် ခြံအမှတ် (၅၄) ကိုလျှော့စျေးနဲ့ လေလံတင်၊ မတင် မကြာခင်ရက်ပိုင်းအတွင်းတရားရုံးက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင် နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းလျားကန်ဘေးက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်မဲ့အပေါ် နှစ်ဖက်ရှေ့နေတွေက ကမာရွတ်ခရိုင်တရားရုံးမှာ မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ပါတယ်။
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF စစ်ဦးစီးချုပ် ကျဆုံးခဲ့ရ

ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ပင်နီရောင်ယူနီဖောင်းနဲ့ တိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်း…

ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) တို့ တပ်ဖွဲ့ ၂ ဖွဲ့ ပေါင်းစုတိုက်ပွဲဝင်နေတဲ့ အမှတ် (၈) စစ်ကြောင်းဟာ အညာဒေသ ရာသီနဲ့ ကိုက်ညီတဲ့ ယူနီဖောင်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။