စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၂ ပွိုင့်ဗိုလ်အရာရှိအပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက်က တန့်ဆည်မြို့နယ် အက်တောပျူရွာကနေ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ ၂ ပွိုင့်ဗိုလ်အရာရှိအပါအဝင် ၈ ယောက်သေဆုံးခဲ့ကာ သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ် ပကဖ၊တိုက်နယ် (၂) ပကဖ၊ ရေဦးပကဖနှင့် PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်)အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – RED STARS _Taze PDF

0 Shares:
You May Also Like
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jummerကို ကျော်လွှားနိုင်ခဲ့သည့် ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်) စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေက စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်)စခန်းတွေကို အမှတ် (၅) တပ်မဟာ  KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ယနေ့ နိုဝင်ဘာ ၁၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေက ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပြည်သူ အင်အား ၁၀၀ ကျော်ပါဝင်ပြီး "မီးရှို့စစ်တပ် အမြစ်ဖြတ်"၊"KIA ​တွေ ဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ်" ၊ "PDF ​တွေဘာလုပ်​နေလဲ ပြည်သူ​တွေကို ကာကွယ်​နေတယ် "၊ " PDF နဲ့ KIA တိုက်ပွဲတိုင်းမှာ နိုင်ပါ​စေ"၊ "အ​မေစု ဘာမှာခဲ့လဲ ​ကောက်ရိုးမီးလိုမဖြစ်​စေနဲ့"စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှာ သတင်းထုတ်ပြန်ထားပါ တယ်။ သြဂုတ် ၇ ရက် နေ့လယ်ပိုင်းက ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ခရမ်းတပ်ဖွဲ့မှ သွားရောက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် မြင်းချင်းပျူကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်(ရုပ်/သံ)

ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၁၅ ရက် ညပိုင်းအချိန်က ဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပန်ဝါမြို့ကို KIA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီး မြို့အတွင်း တော်လှန်ရေးတပ်တွေ ဝင်ရောက်လာ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ စစ်ကောင်စီတပ်တွေကို KIA နဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ပြီး အောက်တိုဘာ ၁၈ ရက် ညပိုင်းက မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။