နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EROs) အပစ်ရပ်ကြေညာမှု လိုက်နာဖို့ တိုက်တွန်းကြောင်း ပြောဆိုလိုက်ပြန်ပါတယ်။

နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူတွေက ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့အပေါ် အလေးထားစဉ်းစားပြီး လိုက်နာဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က မေလ ၂၉ ရက်မှာ ပြောကြားခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ငလျင်ဒဏ်သင့် ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ဆိုပြီး အပစ်ရပ်ကာလကို နောက်ထပ်တစ်လ ထပ်မံသက်တမ်းတိုးကြောင်းလည်း မေလ ၃၁ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

လက်တွေ့မှာတော့ ပြီးခဲ့တဲ့ မေလ ၁ လအတွင်းမှာတင် နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၈၆) ယောက်နဲ့ အမျိုးသား (၆၆) ယောက် စုစုပေါင်း (၁၅၂) ယောက် သေဆုံးခဲ့ပြီး အားလုံးကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာတော့ (၁၀၉) ယောက်က စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး (၁၇) ယောက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းမှာ (၆၈) ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ ခလရ ၂၈၅ က စစ်သား(၂)ဦး တနင်္သာရီမြို့နယ် ပကဖ ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက စစ်သား (၂) ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း (၂၅) က ရဲဘော်တွေရဲ့ ရှေ့တန်းလှုပ်ရှားမှု မှတ်တမ်းများ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၂၅ က ရဲဘော်တွေရဲ့ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်း ၁၄ လောင်း ရရှိပြီး စစ်ကောင်စီ ဗိုလ်ကြီး ၃ယောက် အပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။