ရုရှားနိုင်ငံရဲ့ လေတပ်နဲ့ လေဆိပ်တွေအနီးမှာ ယူကရိန်းက ကြိုတင်စီစဉ်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ ဗုံးကြဲလေယာဉ်တွေအပါအဝင် လေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇွန်လ ၁ ရက်က ရုရှားလေတပ်အခြေစိုက်စခန်းတွေရှိ လေယာဉ်ကွင်းတွေနဲ့ နီးကပ်တဲ့ နေရာတစ်ခုကနေ ယူကရိန်းထောက်လှမ်းရေးတွေက FPV ဒရုန်းတွေ လွှတ်တင်ကာ တိုက်ခိုက်တဲ့အတွက် ရုရှား လေယာဉ်အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။

ပျက်စီးမှုတွေထဲမှာ ရုရှားရဲ့ ဗျူဟာမြောက် စစ်လေယာဉ်တွေဖြစ်တဲ့ Tu-95 ၊ Tu-22M ဗုံးကြဲလေယာဉ်တွေနဲ့ A-50 ထောက်လှမ်းရေးလေယာဉ်တွေ ပါဝင်ပြီး ရုရှားအနေနဲ့ ဒေါ်လာ ၇ ဘီလီယံ (ယူရို ၆.၁၇ ဘီလီယံ) ခန့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ရုရှားပိုင်နက် အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ S.B.U ရဲ့ တိုက်ခိုက်မှုအတွင်း ရုရှားလေယာဉ်အစင်း ၄၀ ကျော် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးအရာရှိက ပြောကြားကြောင်း AP သတင်းမှာလည်း ဖော်ပြထားပါတယ်။

ယူကရိန်းသမ္မတ ဇယ်လန်စကီးကလည်း အခုစစ်ဆင်ရေးအတွက် အစီအစဉ်ကို အချိန် တစ်နှစ်ခွဲခန့် ကြိုတင်ပြင်ဆင်ခဲ့ရပြီး တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို ရုရှားကနေ ပြန်လည်ခေါ်ယူပြီးဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကင်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နယ်၊ ကင်းရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ ရေကြီး‌ရေလျှံမှုကြောင့် နေအိမ်အချို့ပျက်စီးကာ လမ်းအက်ကွဲမှုများ ဖြစ်ပေါ်နေ (ရုပ်/သံ)

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့မှာ ဇွန်လ ၂၆ ရက်နဲ့ ဒီနေ့ ဇွန်လ ၂၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

၈ လကျော်ကြာ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး အိမ်ပြန်လာကြသည့် ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာတဲ့ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တောင်ယာလုပ် ပြည်သူများကို နှောင့်ယှက်နေသည့် သီလုံးပျူစောထီးများကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း တောင်ယာစိုက်ပျိုးရိတ်သိမ်းရာမှာ အနှောင့်အယှက်ပေးနေတဲ့ သီလုံးပျူစောထီးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံ မဲဆောက်မြို့က သြရွဇာရွှေဆိုင် ဓားပြတိုက်လုယက်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ Lotus စျေးဝယ်စင်တာက သြရွဇာရွှေဆိုင်ကို အမျိုးသား၁ယောက်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေတွေ လုယက်ယူဆောင်သွားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။