စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဇွန်လ ၁ ရက်နေ့ မနက် ၁၁ နာရီမှာ The Phoenix Army – TPA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

အခုလို ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေ့ ၁၂ နာရီလောက်မှာပဲ အချုပ်ကား ၂ စီးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီနောက် သေနတ် ၂ ချက်ဖောက်ကာ အနီးနားက နေအိမ်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးသွားသလို ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကိုလည်း အချုပ်ကားပေါ်တင်ပြီး မြို့တော်ခန်းမထဲကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က စစ်ခွေး ၂ ကောင်ကို PDF ကလေးတွေ ပစ်ခတ်သွားတာနဲ့ ပတ်သက်ပြီးတော့ မေးမြန်ချင်လို့မို့ခေါ်သွားတဲ့ ပုံစံမျိုးဖမ်းသွားတာ၊ လမ်းပေါ်ဖြတ်လာတဲ့သူတွေမှန်သမျှ အကုန်ဆွဲတင်သွားတာ၊ အိမ်ထဲဝင်ပြီးတော့ လူဘယ်နှယောက်ရှိလဲ၊ ရှိတဲ့သူ အကုန်ထွက်ခဲ့ဆိုပြီးတော့ အဲလိုခိုင်းတာ၊ တချို့တွေကလည်း ပုန်းနေလို့လွတ်သွားတာ” လို့ မုံရွာမြို့ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး အယောက် ၄၀ ကျော်၊ အမျိုးသား အယောက် ၂၀ ကျော် ပါဝင်ပြီး အသက်အရွယ်အားဖြင့် ၄၀ ကျော်နဲ့ ၅၀ ကျော်တွေ များတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ရှင်းလင်းခံထားရပုံ

နေအိမ်ကနေ ဖမ်းဆီးခံရသူ ၆၈ ယောက်ရှိပြီး လမ်းပေါ်မှာ ဖမ်းခံရတဲ့ လူအရေအတွက်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ပြောပါတယ်။

“အတိအကျပြောရရင် ၆၈ယောက်၊ လမ်းပေါ်မှာဖမ်းတဲ့ဟာတွေ မပါသေးဘူး။ အသက်ကြီးကြီးတွေလည်း ပါတယ်။ အဖမ်းခံရတဲ့ထဲမှာ မိန်းမသားတွေက များတယ်။ ကျနော်သိတဲ့တစ်ယောက်ဆို အသက် ၅၀ ကျော်ပြီ၊ စက်ဘီးပြင်ဆိုင်က.. သူက ခြင်ဆေးခွေထွက်ဝယ်ရင်းနဲ့ အဲ့ကောင်တွေနဲ့ တိုးတော့ အချုပ်ကားပေါ် ဆွဲတင်သွားတာ” လို့ အထက်ပါ မြို့ခံက ဆက်ပြောပါတယ်။

ဇွန်လ ၂ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ သူတွေထဲက ၁၇ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အဲဒီထဲမှာ အမျိုးသား အနည်းငယ်သာ ပါဝင်တယ်လို့ ဆိုပါတယ်။ ပြန်လွတ်လာသူတွေဟာ ရိုက်နှက်ခံထားရမှု ရှိမရှိကိုတော့ မသိရှိရသေးဘူးလို့ဆိုပါတယ်။

ဒီနေ့မနက် မုံရွာမြို့ပေါ်မှာ ဖမ်းဆီးတာတွေ မရှိပေမယ့်လည်း လူသွားလူလာ နည်းပါးသွားတယ်လို့ သိရပါတယ်။ မုံရွာမြို့ပေါ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေရှိခဲ့ပေမယ့် ဒီတစ်ခါဖမ်းဆီးမှုကတော့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 
Read More

ဘောလုံးကန်ဖို့ထွက်လာသည့် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများ သေနတ်ဖြင့်ပစ်သတ် စွန့်ပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်သားတွေက ဘောလုံးကန်ဖို့ထွက်လာတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ယောက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

ရေဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။