မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ခရိုင်မီးသတ်ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။ 

မနေ့က ဇွန်လ ၁ ရက် မနက်အစောပိုင်း ၃ နာရီ ဝန်းကျင်အချိန်မှာ အဆိုပါ တိုက်ခိုက်မှုကို‌ ဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအချိန် နာရီဝက်ကျော်ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်က ၅ယောက် သေဆုံး၊ ၅ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

“အဲ့မှာ ရဲတွေရော၊ ပျူတွေရော အားလုံး ၁၅ ဦး ဝန်းကျင် ရှိပါတယ်။ အခုသေဆုံးမှုကလည်း အတွင်းသတင်းအရ ပြန်သိရတာပါ။ လက်ရှိတော့ အဲဒီ မီးသတ်ရုံးမှာ ရဲတွေရော ပျူတွေရော ရှိနေတုန်းပါပဲ” လို့ Shwe Nyar Myae People Defense Force တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

ပစ်ခတ်မှု ပြီးတဲ့နောက် ပခုက္ကူမြို့ပေါ်က တပ်မ (၁၀၁) နဲ့ လက်အောက်ခံတပ်စခန်းတွေကနေ စစ်ကူရောက်လာတာကြောင့်‌ တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကိုတော့ Shwe Nyar Myae PDF နဲ့အတူ ပခုက္ကူ ပ.က.ဖ တပ်ရင်း(၁)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပ.က.ဖ တပ်ရင်း (၃)၊ တပ်ခွဲ (၄) တို့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နတ်ရေကန်စခန်းဝန်းကျင်မှ ထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်သား ၂၇ ဦးကို PRA -Magway ဖမ်းဆီးထိန်းသိမ်းထား၊ အများစု စစ်မှုထမ်းသင်တန်းဆင်းများဖြစ်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းဝန်းကျင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သား ၂၇ ယောက်ကို အရှင်ဖမ်းဆီးရမိထားကြောင်းနဲ့ ဖမ်းမိထားသူအများစုဟာ စစ်မှုထမ်းဆင်း တပ်သားတွေဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် အဆက်အသွယ်ပြတ်နေ

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဒီနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကာ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရ.တ.က.သ) က ထုတ်ပြန်ပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ 

မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ…

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကော်သူးလေနိုင်ငံတော်ထူထောင်မှု ကရင့်တော်လှန်ရေးနှင့် ကရင့်အမျိုးသား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ် သည့် လုပ်ရပ်ဟု KNU ဆို

ကော်သူးလေ အစိုးရကိုဖွဲ့စည်းပြီး ကော်သူးလေးနိုင်ငံတော် ထူထောင်တယ်လို့ ကြေညာခဲ့တဲ့ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ လုပ်ရပ်ဟာ ကရင့်တော်လှန်‌ရေးနဲ့ ကရင့်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တာသာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က ထုတ်ပြန်ပါတယ်။