မြန်မာနိုင်ငံမှာ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သေဆုံးသူ ၄၆၂ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၈၈၄ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ မေလ ၃၀ ရက်အထိ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်အရွယ် ၇၂ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၈၈၄ ယောက်ထဲမှာလည်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၈၂ ယောက်အထိ ပါဝင်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ရန်ကုန်တိုင်းနဲ့ နေပြည်တော်ကလွဲလို့ တိုင်းနဲ့ ပြည်နယ်အနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီ ပြုလုပ်ခဲ့ရာ သေဆုံးသူလည်း ရာနဲ့ချီရှိခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ငလျင်လှုပ်ခတ်အပြီး တစ်ပတ်အကြာကစလို့ အပစ်ရပ်ကြေညာခဲ့သလို လက်ရှိမှာလည်း အပစ်ရပ် ၁ လ သက်တမ်းတိုးထားပေမယ့် မြေပြင်မှာတော့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ စစ်ကြောင်းထိုးတာတွေကို အရှိန်မြှင့်တင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မဲဆောက်မြို့တွင် “ဧရာဝတီမ” ဆိုသူ အွန်လိုင်းဆယ်လီတစ်ဦး လုယက်သတ်ဖြတ်ခံရ

လူမှုကွန်ရက်စာမျက်တွေမှာ ဟာသဗီဒီယိုတွေနဲ့ လူသိများတဲ့ LGBT အွန်လိုင်းဆယ်လီတစ်ဦးဖြစ်သူ “ဧရာဝတီမ” (ခ) ကိုတင်ဇော်ထွေးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

မင်းတပ်မှာ စစ်ကောင်စီရဲ့ လေကြောင်းရန် ရှိနေသေးတာကြောင့် ပြည်သူများကို ဝင်ရောက်ခွင့်မပြုသေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ပြည်သူတွေအနေနဲ့ လတ်တလော မင်းတပ်မြို့ကို ဝင်ထွက်ခြင်းမပြုဖို့ ချင်းညီနောင်တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

တံတားဦးမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ ပျူခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။