စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိတယ်လို့ ယင်းမာပင် ခရိုင် တပ်ရင်း (၃၅)တပ်ခွဲ (၂) GZ-21 PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၂၉ ရက် ညနေပိုင်းက ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်ထိုင်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ထိခိုက်မှုရှိပေမယ့် နယ်မြေ အခြေအနေကြောင့်အတိအကျ မသိရသေးဘဲ အဆိုပါဂိတ်ရှိ ပျူစောထီးအချို့ကတော့ သံပြားကာ ကားနဲ့ မုံရွာမြို့ကို ထွက်ပြေးသွားကြောင်း GZ-21 တပ်ဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း (၃၅)တပ်ခွဲ (၂) GZ-21 ၊ ယင်းမာပင် ခရိုင် တပ်ရင်း (၁၇ )B-21 ကနီPDF ၊NPDF – ယင်းမာပင် ၊ M.D.F Drone ကျားခင်စိန် ၊ အားမန်သစ် (ငါန်းဇွန်) ၊ Revolutionary Air Force (Myaung) ၊ အောင်သပြေညီနောင် Local PDF (ကျောက်ဆည်)၊ ဗိုလ်စာကလေး Drone Strike (ကျေးရွာတပ်ပေါင်းစုမြောင်) ၊ Freedom Fighter Drone Force F.F.D.F၊ Farmer Revolution Force (FRF) ၊ ရေနဂါးပြည်သူကာကွယ်ရေးတပ်တော်(လင်းယုန်ကြီး) ၊ Hawk Guerrila Force နဲ့ PEACOCK Drone Team တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနား

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို ပြန်သတ်နေသည့် စစ်တပ်က NLD ဖျက်ဆီးခဲ့သည့် ဒီမိုကရေစီလျှောက်လမ်းကို ပြန်တည်ဆောက်နေခြင်းဖြစ်ဟု ဇော်မင်းထွန်း ပြော၊ ရွေးကောက်ပွဲအတုကို မည်သူမှ နှောင့်ယှက်လို့မရဘူးဟု ကြုံးဝါး

အာဏာသိမ်းစစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဘယ်သူမှ နှောင့်ယှက်လို့မရဘူးလို့ စစ်တပ်ရဲ့ ရှေ့ထွက်ပြောကြားသူ ဇော်မင်းထွန်းက ကြုံးဝါးလိုက်ပါတယ်။
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။