မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်းကျင်းရွာအနီးမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၆ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။

ဇွန်လ၂ရက် ဒီနေ့မနက် ၃နာရီခွဲလောက်မှာ ချောက်ဘက်ကို မောင်းနှင်းလာတဲ့ Elite Express ခရီးသည်တင်ယာဉ်တစ်စီးဟာ မိုင်တိုင်အမှတ် ၁၄ မိုင် ၃ ဖာလုံ အကျော်လောက်မှာ တိမ်းမှောက်ခဲ့တာပဲဖြစ်ပါတယ်။

အခုလိုတိမ်းမှောက်ခဲ့တဲ့အတွက် ကလေးငယ်တစ်ယောက် အပါအဝင် ၆ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူတွေကိုတော့ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ကာ အဲဒီထဲက ၂ ယောက်လည်း ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

“ယာဉ်တိမ်းမှောက်တာ ၃ နာရီ ခွဲဝန်းကျင်၊ ကျနော်တို့ကို ၃ နာရီခွဲလောက်မှာ အကြောင်းကြားတာ၊ ဒဏ်ရာရတဲ့သူတွေကိုတော့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ပေးလိုက်တယ်။ မနက်ခင်း ၈ နာရီလောက်မှာ ကူညီကယ်ဆယ်မှုတွေ ပြီးသွားပါတယ်” လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ ဘယ်ဒေသခံတွေဖြစ်သလဲဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

(ဓာတ်ပုံ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း)

0 Shares:
You May Also Like
Read More

သာဂေါင်(ရွာမ)တွင် စစ်ကောင်စီတပ်များ ခေါင်းဖြတ်ချိတ်ဆွဲထားမှု အပါအဝင် မီးရှို့သတ်ဖြတ်ထားသည့် အလောင်း ၆ လောင်း တွေ့ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ရွာမှာ စစ်ကောင်စီတပ်တွေ ခေါင်းဖြတ် ချိတ်ဆွဲသွားတဲ့ အလောင်းအပါအဝင် မီးရှို့သတ်ဖြတ်ခံထားရသူ ၆ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေကတွေ့ရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ က ထုတ်ပြန်ပါတယ်။
Read More

သံဃာတော်တွေကို ဆွမ်းကပ်နေချိန် စစ်ကောင်စီက ဗုံးကြဲလို့ အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးအပါ ၃ ဦး သေဆုံး

သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်မှာ ဗမာ့တပ်တော်မှ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကချင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။