တနင်္သာရီတိုင်း၊ ‌ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းခံရသူ စစ်သား ၂ယောက် ‌လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ခမောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ နန္မသွန် ရှေ့တန်းခြေကုတ်စခန်းဖြစ်တဲ့ ခမရ(၃၄၂) တပ်စခန်းက စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် ထွက်ပြေးလာပြီး မေလ ၃၀ ရက်မှာ ကော့သောင်း ပကဖ ဆီ လာရောက် ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့ အလင်းဝင် စစ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့ အမှတ် (၃) တန်းမြင့် လေ့ကျင်းရေး သင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ် ပြည်သူ့ရင်ခွင် ခိုလှုံမယ့် အကြမ်းဖက်စစ်ကောင်စီ ဘက်‌တော်သားတွေအနေနဲ့လည်း ကော့သောင်းမြို့နယ် ပကဖ ဆီ ဆက်သွယ်အလင်းဝင်လာရင် လက်ခံကြိုဆိုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချောက်မြို့နယ် ကိုင်းထောက်ကန်ရွာကို ဝင်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေ ၁၁ ဦး ဒဏ်ရာရ၊ စစ်တပ်က လူနေအိမ် ၃ လုံးကို မီးရှို့ကာ ပြည်သူတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာကို ဝင်ရောက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။
Read More

ကိုးလအတွင်း တရုတ်နိုင်ငံကို မြန်မာ့မြေရှား ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့

လက်ရှိ ၂၀၂၅ ခုနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်ကို မြေရှားသတ္တုတင်ပို့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့် ရပ်တည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

နေရာအနှံ့အပြား ရောက်ရှိနေတဲ့ ကရင်လူမျိုးတွေ ပေါင်းစည်းပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

နေရာအနှံ့အပြားကို ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေအားလုံး အခြားသောတိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်ဝါဒ ပြိုလဲကျရေး စုပေါင်းဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ 
Read More

ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်း

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဒီနေ့ ထုတ်ပြန်ပါတယ်။