ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းအား တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို KNLA Nighthawks ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ဧပြီ ၂၁ ရက်တုန်းက KNLA တပ်မဟာ ၃ ဒရုန်းတပ်ဖွဲ့၊ တပ်မဟာ ၃ တပ်ရင်း ၈ ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ KNLA ပူးပေါင်းတပ်တို့နဲ့အတူ တပ်မဟာ ၃ တပ်ရင်း ၇ KNLA Nighthawks ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု ၁၃ ရက်အကြာ မေလ ၃ ရက်နေ့မှာ အဲဒီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ကွမ်းဆိပ်နယ်မြေတစ်ဝိုက် ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို အပြီးသတ် ရှင်းလင်းချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ကွမ်းဆိပ်တိုက်ပွဲအတွင်း ပူးပေါင်းတပ်များ၏ ဒရုန်းတပ်ဖွဲ့များ တိုက်ခိုက်မှုမှတ်တမ်း (Nighthawks)

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အောက်တိုဘာ ၆ ရက် မနေ့ညပိုင်းက သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ရန် ထွက်လာသည့် အင်အား ၂၀ ခန့်ရှိ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကူညီကယ်ထုတ်ခဲ့သည့် မှတ်တမ်းရုပ်သံ ပကဖအသံ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ကူညီကယ်ထုတ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပကဖအသံက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးရန် ကိုရီးယားရောက် မြန်မာများ သမ္မတထရမ့်ထံ တောင်းဆိုဆန္ဒပြ (ရုပ်/သံ)

အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ကိုရီးယားနိုင်ငံ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုရီးယားရောက် မြန်မာတွေက အကြမ်းဖက်စစ်တပ် ဗုံးကြဲသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို သိရှိစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကူညီပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။