ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စုအနီး နားလိုင်ရွာအထွက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA စစ်ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDJP/MNDAA)တို့ နှစ်ဖက်တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။

ဇွန်လ ၁ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ နားလိုင်ကျေးရွာအနောက်ဘက် ရွာအထွက်လမ်းမှာ SSPP/SSA စစ်ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့(MNDJP/MNDAA) တပ်မ အမှတ် (၆၁၁) လက်အောက်ခံတပ်တွေ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပွားနေရာက နားလိုင်ကျေးရွာရဲ့ အနောက်ဘက်မှာ စတင်ဖြစ်ပွားခဲ့တယ်၊ ဟန်နားကျေးရွာ တစ်ကြိမ်ထပ်ဖြစ်တယ် ၊ ရှမ်းတပ်ဖွဲ့ နဲ့ ကိုးကန့်တပ်ဖွဲ့ အပြန်အလှန် အင်အားတွေဖြည့်နေကြတယ်၊ အခြေအနေတော့ စစ်ရေးတင်းမာနေတယ်” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း MNDAA က တပ်သား ၈ ယောက် ကျဆုံးပြီး ဒဏ်ရာရရှိသူရှိတယ်လို့ SSPP က ထုတ်ပြန်ထားသလို ညနေပိုင်းမှာလည်း ဟန်နားကျေးရွာမှာ MNDAA က ထပ်ပြီးထိုးစစ်ဆင်ခဲ့လို့ တိုက်ပွဲဆက်ဖြစ်ပွားတယ်လို့ SSPP က ဆိုပေမယ့် မောင်းသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲ့ဒီနောက် တိုက်ပွဲငြိမ်သက်သွားပေမယ့် တပ်ဖွဲ့နှစ်ဖွဲ့လုံး အင်အားတွေ ထပ်ဖြည့်နေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာ စတဲ့ရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ကလည်း MNDAA နဲ့ SSPP တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှု ဆွေးနွေးပွဲ မအောင်မြင်လို့ နှစ်ဖက်စလုံးက အထိုင်ချတပ်စခန်းဂိတ်တွေမှာ လူအင်အားထပ်ဖြည့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

SSPP တပ်ဖွဲ့ဝင်များနှင့် MNDAA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ဝန်းသိုမြို့က စစ်ဘေးရှောင်များအတွက် အရေးတကြီး လိုအပ်နေသည့် အကူအညီများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထုအတွက် အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ပြီးခဲ့တဲ့ဩဂုတ်လထဲမှာ ထောက်ပံ့ကူညီခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ ၇ ရက် ပြုလုပ်ခဲ့တဲ့ ဒရုန်းမစ်ရှင်အတွင်း စစ်ကောင်စီတပ်သား ၃ယောက်သေပြီး ပျူ ၄ယောက် ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရှိတဲ့ ပျူကျေးရွာတွေကို တော်လှန်ရေးအင်အားစုတွေက ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး ပျူစောထီး ၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ShweBo Crocodile ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့  ထောင်နဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ 
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်ကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅) လုံး ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် - TNLA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။