အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းရဲ့ စျာပနအခမ်းအနားကို ပြည်သူတွေနဲ့ ကျန်ရစ်သူရဲဘော်ရဲ‌ဘက်တွေက မေလ( ၃၁) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ – YRF က ထုတ်ပြန်ပါတယ်။

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗဟိုကော်မတီဝင် အသက် (၂၃) နှစ်အရွယ် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းဟာ မေလ (၂၈) ရက်မှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းရင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်ရဲ့ ဈာပနအခမ်းအနားမှာတော့ ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းကို ဦးညွှတ်အလေးပြုခြင်း၊ တော်လှန်ရေးမဟာမိတ်အသီးသီးမှ ပေးပို့တဲ့ သဝဏ်လွှာတွေ ဖတ်ကြားခြင်းနဲ့ ကျန်ရစ်သူ ပြည်သူတွေက လွမ်းသူ့ပန်းခွေချခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းဟာ နိုင်ငံရေးအရလည်း တက်ကြွသူတစ်ယောက်ဖြစ်ပြီး လူထုသပိတ်တိုက်ပွဲတွေမှာ ဦးဆောင်သူအဖြစ် ပါဝင်ကာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ခဲ့သူဖြစ်သလို လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရာမှာလည်း ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှာ ဗဟိုကော်မတီဝင်၊ တပ်မှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရှင်သန်ချိန်မှာ လေးစားဖွယ်ဖြစ်သလို ကျဆုံးချိန်မှာလည်း ဂုဏ်ရောင်ပြောင်တဲ့ ဗိုလ်ဒေါင်းဟာ အသက်ရှိသရွေ့ ပြည်သူ့အကျိုးကို ထမ်းရွက်ခဲ့သူဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အသက်ပေးဆပ်ရတဲ့အထိတိုင် ကြိုးပမ်းတိုက်ထုတ်ခဲ့တာကြောင့် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဗိုလ်ဒေါင်းရဲ့ စိတ်ဓာတ်၊လုပ်ဟန်နဲ့ ရပ်တည်ချက်တွေကို စံနမူနာယူပြီး လက်နက်ကိုင်တော်လှန်ရေးကို တတ်စွမ်းသမျှ ကြိုးပမ်းကာ ဆက်လက်ဆင်နွှဲ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စက်တင်ဘာလ ၂၈ ရက် ဒီနေ့ညနေပိုင်းမှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီရက်ပိုင်းအတွင်း တရုတ်သွားမယ်ဟု ဆို

စစ်ကောင်စီကို ရာနှုန်းပြည့် ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခုရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ဘောမိကျေးရွာတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို ပုသိမ်စစ်ဆေးရုံမှာ ဆေးကုပေးနေ၊ သေဆုံးသူတွေကိုလည်း လူမသိအောင် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေကို ပုသိမ်မြို့ အမှတ် ၄ ဆေးတပ်မှာ ဆေးကုပေးနေပြီး သေဆုံးစစ်သားတွေကို ရွှေမြင့်တင် သဂြိုလ်စက်မှာ လူမသိသူမသိ သဂြိုလ်ပေးနေတယ် လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ABSDF ပါဝင်တိုက်ခိုက်ခဲ့၊ ABSDF ရဲဘော် ၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

နိုင်ကျဉ်း ၆၀၀ လွှတ်တယ်ဟုဆိုကာ မြေပြင်မှာ ၃၀၀ ကျော်သာ လွတ်မြောက်လို့ လွတ်ငြိမ်းကို စစ်ကောင်စီ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်

လွတ်လပ်ရေးနေ့က  စစ်ကောင်စီ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်မယ်လို့ ပြောထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ထက် ထက်ဝက် လျော့နည်းနေတာကြောင့် စစ်ကောင်စီဟာ လွတ်ငြိမ်းကို အမြတ်ထုတ်သွားတယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Read More

မန္တလေးနှင့် အနီးတဝိုက် ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မြို့ခံလူထု အထိတ်တလန့် ဖြစ်ခဲ့ရ

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။