ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ ၂၂ ရက်က ဘောလခဲ ဗျူဟာ၊ ရေနီပေါက်အနီး ကာကင်းစခန်းကို တော်လှန်ရေးတပ်ပေါင်းစုနဲ့အတူ DMO Local PDF တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး ဟင်နရီလုအောင် ကျဆုံးကာ ရဲဘော်တစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ ခုခံစစ်တိုက်ပွဲအတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ မီးလောင်ဗုံးကြောင့် DMO Local PDF က ရဲဘော် (၃) ယောက် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ မြေမြှုပ်မိုင်းကြောင့် ရဲဘော် ၁ ယောက်လည်း ညာခြေထောက် ပေးဆပ်စွန့်လွှတ်ခဲ့ရတယ်လို့ DMO Local PDF က ဆိုပါတယ်။

DMO Local PDF က ထိခိုက်ဒဏ်ရာရ ရဲဘော်အများစုဟာ အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းမှ ရဲဘော် ချက်ပြား ကျဆုံး

အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းက ကျဆုံး ရဲဘော် ချက်ပြား (ခေါ်) ပြည့်ဖြိုးကျော်အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်စဉ် စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ရိုက်မိကာ ခြေထောက်ကျိုး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဗျူဟာ လာထိုင်ပြီး စက်တပ်လေထီး လေ့ကျင့်မောင်းနှင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ လေ့ကျင့်မောင်းနှင်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက် သစ်ကိုင်းနဲ့ ရိုက်မိပြီး ခြေထောက်ကျိုးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။