အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။

အဆိုပါ စစ်ရှောင်တဲတွေဟာ ကာကီရွာနဲ့ တွီဒင်းကျေးရွာရဲ့ မြစ်ကမ်းနံဘေးမှာရှိပြီး အိမ်ခြေစုစုပေါင်း ၃၉၄ အိမ်ရှိကာ အဲဒီထဲက ၁၃၅ အိမ်ဟာ ရေဘေးသင့်မှုကြောင့် မတ်လ ၃၁ ရက် ည ၃ နာရီခန့်လောက်မှာ စတင်ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနယ်စပ်ဖြစ်ပြီးတော့ ကုလားတန်မြစ်ချောင်းဘေးမှာ စစ်ရှောင်စခန်း ဆောက်ထားတာ၊ မြစ်ကမ်းနဲ့ မနီးတဲ့ စစ်ရှာင်တဲတွေဆိုရင် မပြောင်းဘဲနေကြပါတယ်၊ ရေမရောက်တာ ၄/၅ နှစ်လောက် ရှိပြီ။ စစ်ရှောင်လာတဲ့သူတွေထဲမှာ တချို့က တစ်နှစ်၊ တချို့က နှစ်ကျော်ရှိပါပြီ။ တချို့က ၃နှစ်ကျော် ရှိပါတယ်။ ပလက်ဝက ရွှေ့ပြောင်းလာကြတဲ့ စစ်ရှောင်တွေပါ ” လို့ ပလက်ဝကောင်စီ ရဲ့ အတွင်းရေးမှူး ဆလိုင်းအောင်လင်းက ပြောပါတယ်။

ရေကြီးမှုကြောင့် တခြားကျေးရွာတွေကို ပြောင်းရွှေ့သွားတဲ့ စစ်ရှောင်ဒေသခံတွေဟာ သူတို့ရဲ့ တဲတွေထဲမှာ ကျန်နေခဲ့တဲ့ အိမ်အသုံးဆောင်ပစ္စည်းတချို့ကို ရေမရောက်နိုင်တဲ့နေရာတွေမှာ မိုးကာတွေနဲ့ အုပ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလိုရေကြီးမှု ဖြစ်ပွားခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ ချက်ပြုတ်စားသောက်ဖို့ ဆန်တွေလိုအပ်နေသလို နေထိုင်ရေးအတွက် အမိုးအကာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆလိုင်းအောင်လင်းက ဆက်ပြောပါတယ်။

“အဲ့မှာ ရောက်နေတဲ့ စစ်ရှောင်တွေက တနေ့လုပ် တနေ့စား ပြည်သူတွေများတယ်၊ တချို့ရေဘေးမသင့်ခင် ရှာထားတဲ့ ဆန် တစ်ပြည်နှစ်ပြည်ရှိတဲ့ သူတွေနဲ့ ပေါင်းပြီး မျှစားနေရတဲ့အခြေအနေမှာ ရောက်နေတယ်။ အခု အရေးပေါ် အကူအညီအနေနဲ့ ခန်းမဆောင်မှာ စုပြုံပြီးနေကြတော့ သူတို့နေထိုင်ရေးအတွက် တဲဆောက်ဖို့ အမိုးအကာလိုတယ်။ ပြီးရင် စားဝတ်နေရေး ဆန်လိုတယ်။ အခုက ငှက်ဖျားတွေများနေတာမို့ ခြင်ထောင်နဲ့ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်တယ်” လို့ဆိုပါတယ်။

မတ်လ ၂၉ ရက်နေ့ကတည်းက မိုးစတင်ရွာခဲ့တာကြောင့်  မီဇိုရမ်ပြည်နယ်မှာ မိုးများပြီး မြေပြိုတာတွေလည်းရှိတဲ့အတွက် ပြည်နယ်အစိုးရက အရေးပေါ်ကာလအနေနဲ့ စာထုတ်ပြန်ကြေညာထားကာ အစိုးရကျောင်းတွေကိုလည်း ပိတ်ခိုင်းထားတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်တွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာနေထိုင် အမျိုးသားတစ်ယောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာ ပေါက်ကွဲပြီ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

KNDF တပ်ရင်း ၈ က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  KNDF/B08 က နှစ်ချုပ်အစည်းအဝေး ကျင်းပပြုလုပ်ရာ တပ်ရင်းရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး နှစ်သစ်မှာ တပ်ရင်းကို အကောင်းဆုံးနဲ့ ပိုပြီး နည်းစနစ်တကျ ပြန်လည်ပြုပြင်သွားမယ်လို့ KNDF တပ်ရင်း ၈ က ထုတ်ပြန်ထားပါတယ်။
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုမြို့နယ်မှာစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ (၂၇၂၁) ဦး တိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဓေသခံပြည်သူ (၂၇၂၁ ဦး တိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူများ၏ မိသားစုဝင်များကို MDY-PDF ကူညီထောက်ပံ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။