မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်အတွင်း သိမ်းဆည်းရမိတဲ့ WY ဆေးပြား ၄၈၅၀ ပြားကို မတ္တရာမြို့နယ် ပအဖ၊ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် -မန္တလေးတို့ ပူးပေါင်းပြီး မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါမူးယစ်ဆေးဝါးတွေဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်ကနေ ၂၀၂၅ ခုနှစ် ဒီနေ့အချိန်အထိ ဖမ်းဆီးရမိထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့က မြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးဖမ်းဆီးရေးနဲ့ အရေးယူဆောင်ရွက်ရေးတို့ကို အဓိကထား ကိုင်တွယ်နေတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

0 Shares:
You May Also Like
Read More

စခန်းသိမ်းတိုက်ပွဲများ စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်သည့်တိုက်ပွဲများနှင့် လူသိများသူ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံးကြောင်း ULF စစ်ကြောင်း အတည်ပြုထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ရှေ့တန်းတစ်နေရာမှာ လေကြောင်းဒဏ်သင့်ပြီး ကျဆုံးခဲ့တဲ့ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းရဲ့ ခေါင်းဆောင်မှု ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုတွေအပေါ် ကမ္ဗည်းမော်ကွန်းတင်ပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Union Liberation Front - ULF စစ်ကြောင်း က စက်တင်ဘာလ ၁၃ရက်(ဒီနေ့) နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

မင်းဘူးခရိုင်အတွင်း နယ်မြေရဲစခန်းတွေနဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းတွေအပါ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်၊ ဗုံးကြဲခံရတဲ့ ပွင့်ဖြူ၊ မဲဇလီရဲစခန်းမှ စစ်ကောင်စီတပ် ယာယီစခန်းစွန့်ခွာသွားရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နယ်မြေရဲစခန်းတွေနဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Earthquake People's Defence Force က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲတိုက်ပွဲမှာ နေပြည်တော် ပကဖ ရဲ့ စစ်ကြောင်းမှူးနှင့် ရဲဘော် ၁ ဦး ပြင်းထန်ဒဏ်ရာရ

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် (နေပြည်တော် ပကဖ) ရဲ့ တိုက်ခိုက်ရေးအဖွဲ့က စစ်ကြောင်းမှူးနဲ့ ရဲဘော် ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုယ်လက်ဆုံးရှုံးရဲဘော်တွေကို လစဉ်ထောက်ပံ့ငွေတွေ စတင်ပေးအပ်

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို လစဥ်ထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

SSRY တပ်ခွဲ ၃ – Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY)၊ တပ်ခွဲ ၃ - Zarmani Force က ရဲဘော် ၁ ယောက် ကရင်နီပြည် ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြင်းထန်စွာ စစ်ကြောင်းထိုးမှုတွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။