စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

မေလ ၃၀ ရက်နေ့ကစလို့ စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအထိုင်နဲ့ တပ်မ ၃၃ ခြေမြန်ဌာနချုပ်ကနေ ပေါင်းဆုံလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသ ပြည်သူ့စစ်အဖွဲ့တွေနဲ့ပေါင်းပြီး စစ်ကိုင်းမြို့အနောက်ခြမ်းကျေးရွာတွေဆီ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။

စစ်အုပ်စုတွေဟာ ခန့်မှန်း အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကိုင်းမြို့အနောက်ခြမ်းက ညောင်ကုန်း၊ သလွန်ဖြူ၊ ကြွယ်ကုန်း၊ ဒေါင်းမ၊ ဆင်မြေ၊ မအူ၊ သာဒွန်းနဲ့ ကုန်းတန်းလေးကျေးရွာတွေဆီ စစ်ကြောင်းတွေ ဖြန့်ခင်းခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့က ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကိုင်းဘက်က ထပ်တိုးအင်အားတွေ ဖြည့်တင်းခဲ့သလို ဒေါင်းမရွာက အရပ်သားတွေကိုလည်း ဓားစာခံလုပ်ဖမ်းဆီးခဲ့ကြောင်း၊ ကျေးရွာတွေဆီ လက်နက်ကြီးပစ်ခတ် ပိတ်ဆို့ဝင်ရောက်တာတွေ ရှိခဲ့ကြောင်း သိရပါတယ်။ 

လက်ရှိမှာ ညောင်ကုန်းရွာနဲ့ ကျောင်းတော်ကြီးရွာတွေကနေ စစ်ကောင်စီ ဓားစာခံလုပ်ဖမ်းဆီးထားတဲ့ အရပ်သား အယောက် ၆၀ ကျော်အထိရှိကြောင်း၊ ဖမ်းဆီးခံထားရသူတွေထဲ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။

အညာ​ဒေသတစ်နေရာမှ စစ်ဘေးတိမ်းရှောင်နေသူများ (ဓာတ်ပုံ ပြည်သူ့ဘက်တော်သားအဖွဲ့)

လက်ရှိအခြေအနေတွေအရ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်ဘေးတိမ်းရှောင်နေရသူ ၁၅၀၀ ဝန်းကျင်အထိရှိပြီး စစ်အုပ်စုတွေ ရက်ရှည်တပ်စွဲမှာကို စိုးရိမ်နေကြကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“စစ်တပ်ထိပ်သီးခေါင်းဆောင်တစ်ယောက် လာမှာမလို့ စစ်ကိုင်းမှာ တော်တော်လေး လုံခြုံရေးတင်းကြပ်ထားတယ်။ စစ်ကြောင်းတွေ ဖြန့်ထိုးနေတယ်ပေါ့။ စစ်ကိုင်းအနောက်ဖက်နဲ့ တောင်ဖက်ကို အင်အားအလုံးအရင်းနဲ့ ထိုးနေတာပါ။” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုက ကင်းကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေလ ၃၁ရက်၊ မနေ့က နေ့လယ်ပိုင်းမှာလည်း စစ်ကိုင်းတပ်မ ၃၃ ဌာနချုပ်ဝန်းထဲကို Brave Warriors For Myanmar နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တီးတိန်အခြေစိုက် ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။