စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ဒီကနေ့ညနေမှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား ၆ ဦးသေဆုံးခဲ့တဲ့အပြင် တပ်တွင်းအချုပ်သား ၂ ဦးလည်း သေဆုံးခဲ့ပြီး၊ တပ်မ ၃၃ အတွင်းက ဗဟိုကင်းအဆောက်အအုံ၊ လိုင်းခန်းတစ်ခန်း၊ တပ်သုံး မော်တော်ယာဥ် ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ BWM အဖွဲ့ကဆိုပါတယ်။

ဒါ့အပြင် မော်တော်ယာဥ်မှူးနဲ့ စစ်သည် ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး၊ တပ်တွင်း လိုင်းခန်း ထိခိုက်ပျက်စီးမှုကြောင့် ရဲမေ ၃ ဦးဒဏ်ရာရှိခဲ့တယ်လို့လည်း သိရပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က သူတို့ရဲ့ BWM Mission 40 အဖြစ် ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး Shadow (စစ်ကိုင်း) အဖွဲ့၊ No More Dictatorship (NMD) နဲ့ စစ်ကိုင်းမြို့ပြ ပြောက်ကျား (Infinity) တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ထိပ်သီးခေါင်းဆောင်တစ်ယောက် လာမယ်ဆိုတာ သေချာတယ်၊ စစ်ကိုင်းတစ်မြို့လုံး လုံခြုံရေးတင်းကြပ်ထားသလို စစ်ကြောင်းတွေလည်း ဖြန့်ထိုးနေပါတယ်” လို့ ရှော့တိုက်ဒုံး ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ No More Dictatorship (NMD) တာဝန်ရှိသူကလည်း မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အိမ်ဖြူတော်ရှေ့ အကြမ်းဖက်စစ်တပ်၏ အ‌တုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြ (ရုပ်/သံ)

အမေရိကန်နိုင်ငံ အိမ်ဖြူတော်ရှေ့မှာ နိုဝင်ဘာ ၂၂ ရက် မနေ့ကက အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။
Read More

တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းမှုအတွင်း ရဲ ၈ ဦး သေပြီး ၂ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ ရဲ ၈ ယောက် သေဆုံးပြီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး-မုံရွာလမ်းမပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Spring Dove မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ယာဉ် ၃ စီးပေါ်မှာ အင်အားအပြည့်တင်ဆောင်လာပြီး မအူဂိတ်မှာ Faw ယာဉ် ၁ စီး၊ ၁၂ စီး ကား ၁ စီးနဲ့ အချိန်း အပြောင်းအပြောင်းလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေကို မန္တလေး-မုရွာလမ်းမပေါ်မှာ အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ရေဘေးသင့်နေကြရတဲ့ မိဘမဲ့ကလေးများ (ရုပ်/သံ)

တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်ကာ စစ်ဘေးရှောင်ရင်း အခမဲ့ မူလတန်းပညာသင်ယူနေတဲ့ ကလေးငယ်တွေဟာ ရေကြီးရေလျှံမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြန်ပါတယ်။
Read More

ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအား လုံခြုံရေးပေးထားတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအား လုံခြုံရေးပေးထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် - တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။