စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မေလ ၂၀ ရက်ကတည်းက မိုးများ အဆက်မပြတ်ရွာသွန်းနေပြီး တစ်ပတ်ကျော်အကြာ မေလ ၃၀ ရက် နေ့လယ်ပိုင်းမှာ လေရှီးမြို့ အမှုထမ်းရပ်ကွက်ရှိ လူနေအိမ်တစ်လုံး မြေပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေပြိုကျမှုမှာ လူနေအိမ်အတွင်း လူများမရှိတဲ့အတွက် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Video-Eno Rey Sing

0 Shares:
You May Also Like
Read More

စစ်တပ်က စခန်းလက်လွှတ်ရလို့ စာသင်ကျောင်းများကို ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF ထုတ်ပြန် (ရုပ်/သံ)

တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကုက္ကိုလ်နယ်မြေရှိ ၁၂ ထပ် ကျားဖြန့်အဆောက်အအုံကို စစ်ကော်မရှင် ဖြိုချဖျက်ဆီးပြ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ၁၂ ထပ်ရှိတဲ့ အဆောက်အအုံကို စစ်ကော်မရှင်က ဒီနေ့ ဖောက်ခွဲ ဖြိုချပြခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ စေတီတော် ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က သာသနာ ၂၅၀၀ တောင်ကုန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းဆောင်နဲ့ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
Read More

ချောက်-စလေလမ်းပိုင်းတွင် အကြမ်းဖက်စစ်သားများ စီးနင်းလာသည့် ကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်-စလေလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ People Defense Force Chauk က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ချောက်-စလေလမ်းပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။