ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့မှာ မြန်မာအလုပ်သားအမျိုးသမီး ရထားကြိတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မေလ ၃၁ ရက် ယနေ့နံနက်ပိုင်းက မဟာချိုင်မြို့ နွယ်လုံမစ်စွယ် (၁) အနီး MHAC ရုံးဟောင်းရှေ့နားမှာ ညဆိုင်းအလုပ်ကနေ ပြန်လာတဲ့ မြန်မာအလုပ်သမား ၆ ယောက် တင်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ ရထားလမ်းကို ဖြတ်မောင်းချိန် ရထားနဲ့ အလွန်နီးကပ်လာတဲ့အတွက် ယာဉ်ပေါ်ကနေ ခုန်ဆင်းခဲ့ကြပေမယ့် မြန်မာအလုပ်သမားအမျိုးသမီး ၁ ဦးကတော့ ရထားကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း ယာဉ်မောင်းသူရဲ့ ပေါ့ဆမှုကြောင့် ရထားကြိတ်ခံရတဲ့ မြန်မာအမျိုးသမီးဟာ အခင်းဖြစ်ပွါးရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနဲ့ ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ KNDF ထုတ်ပြန် (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ တဲ့ မှတ်တမ်းရုပ်သံကို KNDF မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖလမ်းမြို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား အများအပြား သေ၊ သုံ့ပန်း ၁ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ (ရုပ်/သံ)

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းစစ်ရေးသတင်းမြစ်ထံက သိရပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ဒုတပ်မမှူးဦးဆောင်ထွက်လာတဲ့ စစ်ယာဉ်တန်းအား ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲပြီး ပြောက်ကျားခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် အလင်းဝင်ရောက်လာ (ရုပ်/သံ)

ဇွန်လ ၂၄ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ဇွန်လ ၂၅ ရက်မှာ ၁ ယောက် မြိုင်ပကဖထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့အထိမ်းအမှတ် Challenge မှာ အဆို‌တော် Rဇာနည်က ဒိုက်အခါ ၈၀ ထိုးပြီး ပါဝင် (ရုပ်/သံ)

''ဒီနေ့မနက် တစ်ခါကပြောဖူးတဲ့ အနယ်နယ်အရပ်ရပ် ကနေ ကျောင်းလာတတ်တဲ့ ကျောင်းတွေ အများအပြားရှိတဲ့ UCDAVIS မှာ ကျောင်းသားတွေမှာတဲ့ ပစ္စည်းတွေလိုက်ပို့ဖြစ်တယ် ပညာရေးကိုအမြဲဦးစားပေတဲ့ အမေစုကိုသတိရတာရယ် အသက် ၈၀ ပြည့်မွေးနေ့မှာ ၈၀ ပါတာ တစ် ခုခု လုပ်ဖြစ်ချင်တာရယ်ကြောင့် အမေကျန်းမာစေရန်နဲ့ အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းရင်း ကိုခါရာ ကြီးလို ဒိုက်အခါ ၈၀ ထိုးဖြစ်ခဲ့တယ် ထိုးတဲ့နေရာကတော့ Davis Old town C street မှာရှိတဲ့ Park အသေးလေးရှေ့မှာပါ''လို့ Rဇာနည်က ရေးသားပြီး ၎င်းရဲ့ Facebook စာမျက် နှာကနေ မျှဝေခဲ့ပါတယ်။
Read More

Southern Eagle PDF ဆေးမှူး ရဲဘော် Lightning ၏ စျာပန (ရုပ်/သံ)

ပဲခူး-ရန်ကုန် လမ်းပိုင်းတိုက်ပွဲတစ်နေရာမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ဆေးမှူး Lightning ရဲ့ နာရေးစျာပနရုပ်သံကို Southern Eagle PDF က ထုတ်ပြန်လိုက်ပါတယ်။