စစ်အာဏာရှင်စနစ် သက်ဆိုးရှည်သရွေ့ ပြည်သူများ ကောင်းမွန်အေးချမ်းစွာ နေထိုင်နိုင်မှာ မဟုတ်လို့ တော်လှန်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဒီကနေ့ အသိပေးပြောဆိုလိုက်ပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့်နေ့အထိမ်းအမှတ်မှာ အခုလို (အခက်အခဲတွေကို ကျော်လွှားပြီး) တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်ပြီးကြိုးစားသွားမယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက အသိပေးပြောကြားခဲ့တာပါ။

“စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသရွေ့ ကျနော်တို့ ပြည်သူလူထုနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းချမ်းသာသာ မနေရဘူးဆိုတဲ့ အ‌ခြေအနေတခုကိုလည်း ကျနော်တို့ နှလုံးသားထဲမှာ ‌ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်၊ ဒါကြောင့်မို့ ဒီတိုက်ပွဲကို ‌အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီး‌တော့ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ် … အားပေးလိုပါတယ်”

“ကျနော်တို့အားလုံး တက်ညီလက်ညီနဲ့ ကြိုးစားသွားမယ်ဆိုရင် မကြာခင်မှာ အောင်မြင်မှုပန်းတိုင်ကို ကျနော်တို့ ရောက်ရှိမှာ ဖြစ်ပါတယ်” လို့ ဒုစစ်‌ဦးစီးချုပ် မာဝီက ပြောကြားသွားခဲ့ပါတယ်။
ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ KNDF တပ်ဖွဲ့ဝင်အားလုံးကို အသိအမှတ်ပြုပြီး မှတ်တမ်းတင်အပ်ကြောင်း ပြောကြားသွားခဲ့သလို၊ KNDF ကို ထောက်ပံ့ပေးနေတဲ့ ပြည်သူလူထု တစ်ရပ်လုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ ပြည်သူလူထု မရှိရင် ဒီကနေ့ ဒီအချိန်မှာ ဘယ်လိုကိစ္စမျိုးကိုမှ လုပ်ဆောင်နိုင်မှာမဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ KNDF တပ်တည်ထောင်ခြင်း လေးနှစ်ပြည့်နေ့ကို မဟာမိတ်တပ်ပေါင်းစု၊ တော်လှန်ရေးအင်အားစု အသီးသီးကလည်း ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့နေကြပါတယ်။
0 Shares:
You May Also Like
Read More

အောင်လံမြို့ပေါ် ရပ်ကွက်တချို့တွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်းပြသရန် စစ်အုပ်စု အလံများလွှင့်တင်ခိုင်းထား

မကွေးတိုင်း၊ အောင်လံမြို့ပေါ် ရပ်ကွက်တချို့မှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲအတုကို ထောက်ခံတဲ့သဘောနဲ့ အိမ်တိုင်း မဖြစ်မနေ အလံလွှင့်တင်ထားရမယ်ဆိုပြီး အရပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထားကြောင်း အောင်လံလူထုအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ အသက်သွေးကြောတစ်ခုဖြစ်သည့် ကပစစက်ရုံများ၏ တာဝန်ရှိသူများ စာရင်းကို တမာအင်စတီကျု ထုတ်ပြန် 

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ နောက်ကွယ်က အဓိက တာဝန်ရှိသူတွေကို တမာအင်စတီကျု ကနေပြီး “သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း” အမည်နဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

သိန္နီမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်နဲ့ ဇီးကုန်းက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ယောက်သေ၊ ၃ ယောက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် အရပ်သားတွေနေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကို ပြောပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။