မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ စစ်ကူလာတဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း၁ယောက်၊ ကား၁စီးအပါအဝင် လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကထုတ်ပြန်ပါတယ်။

မေလ ၂၇ရက်၊ ညပိုင်းက တောင်သာမြို့ပေါ်ကနေ ဝဲလောင်တိုက်နယ်ကို စစ်ကူထွက်လာတဲ့ အင်အား ၁၀ယောက်ပါ အံစာတုံးကား၁စီးနဲ့ အင်အား ၂၀ပါ ဆယ်ပေကား၁စီးတို့ကို တောင်သာပကဖ တပ်ဖွဲ့ဝင်တွေက သတင်းအရ လမ်းပိုင်းတစ်နေရာကနေ ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
ပကဖတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုအတွင်း အန်စာတုံးကားပေါ်ပါ စစ်သားများ ထိခိုက်ဒဏ်ရာရပြီး လွတ်မြောက်သွားခဲ့ပေမယ့်၊ ဆယ်ပေကားကိုတော့ အမိအရတိုက်ခိုက်နိုင်ခဲ့တာကြောင့် ကားပေါ်လိုက်ပါလာတဲ့ စစ်သားနဲ့ရဲတွေ ထိခိုက်ဒဏ်ရာရရှိကာ ကစဥ့်ကလျား ထွက်ပြေးကုန်တယ်လို့ သိရတာပါ။

ပစ်ခတ်မှုအပြီး ရှင်းလင်းရေးလုပ်ဆောင်ရာမှာတော့ စစ်ကောင်စီတပ်သား အလောင်း ၂လောင်းနဲ့အတူ သုံ့ပန်း အရှင်၁ယောက်နဲ့ G4အမျိုးအစား သေနတ် ၁လက်၊ 5.56ကျည် ၃၀၀ ကျော်၊ G3ကျည် ၄၀၀ ကျော်နဲ့ ဆယ်ပေတို ကား၁စီး၊ ၆၀ ၆ဖူး၊ Icon ၁လုံး၊ လက်ပစ်ဗုံး၂လုံး၊ ကျည်ဘောက် ၈ဘောက် ၊ R7 ၁ဖူး တို့သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာပကဖ ကထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံမှာ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) ဖွဲ့စည်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ‌၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်ခဲ့ရတဲ့ တပ်စခန်း၊နယ်မြေတွေကို ပြန်ရဖို့ ကြိုးပမ်းနေပေမယ့် MDY-PDF အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်.. မတ္တရာမှာ စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ရွာကို ဒရုန်းနဲ့ဗုံးကြဲလို့ ကိုရင် ၁ပါးနဲ့ အမျိုးသမီး ၂ယောက်သေဆုံး..

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ လက္ကောင်းကြီးရွာသစ် ဓမ္မာရုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကိုရင်(၁)ပါး နဲ့ အမျိုးသမီးငယ် (၂)ယောက် သေဆုံးခဲ့ကြောင်း MDY -PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား

မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ပေါက်မြို့နယ်မှာ ပျူစောထီး ၁ ယောက် တာဝန်ကျစစ်သားတွေဆီက လက်နက်တွေယူပြီး ပကဖ တွေထံ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဇီးပြားကျေးရွာက ပျူစောထီး၁ယောက် လက်နက်ခဲယမ်းတွေယူဆောင်ပြီး မြိုင်-ပေါက် ပကဖ အဖွဲ့တွေဆီ အလင်းဝင်ရောက်လာတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။