မြန်မာနိုင်ငံကနေ ထိုင်းကို မှောင်ခိုသွင်းတဲ့ မူးယစ်ဆေးဝါးတွေရဲ့ အဓိကအရင်းအမြစ်အဖြစ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က စွပ်စွဲခဲ့ကြောင်း ထိုင်းသတင်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

သက်ဆင်ရဲ့ ပြောဆိုချက်အပေါ် UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက “ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တခုသာဖြစ်တယ်” လို့ တုံ့ပြန်ထားပါတယ်။

“သူတို့ရဲ့ ပြောဆိုချက်အတွက် သက်သေအထောက်အထားပြဖို့ လိုတယ်။ ကျွန်တော်တို့က သူတို့လိုပဲ (မူးယစ်ဆေးဝါး) နှိမ်နင်းနေပါတယ်။ နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့က (မူးယစ်ဆေးဝါး) တိုက်ဖျက်ရေး ဆက်တိုက်လုပ်ဆောင်နေတာပါ” လို့ ၎င်းက ဧရာဝတီကို ပြောဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။

‘ဝ’ ဒေသအတွင်းကနေ မူးယစ်ဆေးဝါးတွေ ထွက်လာတယ်ဆိုတဲ့ ထိုင်းရဲ့ ပြောဆိုချက်က ‘ဝ’ အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ မဆိုလိုကြောင်းလည်း ဦးညီရမ်းက ဆက်ပြောပါတယ်။

“ကျွန်တော်တို့က နယ်စပ်ဒေသမှာနေတာဖြစ်ပြီး ပြည်တွင်းကနေ မူးယစ်ဆေးဝါးကုန်ကူးမှုတွေက နယ်စပ်ကို မလွဲမသွေ ဖြတ်သန်းသွားမှာပါ” လို့ သူက ဆိုပါတယ်။
Narcotopia စာအုပ်ကို ရေးသားသူ ဘန်ကောက်အခြေစိုက် သတင်းထောက် Patrick Winn ကလည်း UWSA ဟာ ၎င်းနယ်မြေအတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အစိုးရဝန်ဆောင်မှုတွေကို အပြည့်အ၀လုပ်ဆောင်နေရင်း “မူးယစ်ဆေးပြည်နယ်” ကို ထိထိရောက်ရောက် ဦးစီးဆောင်ရွက်နေတယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။

“ဒါကို စီးပွားရေးလုပ်ငန်ရှင်တစုက လွှမ်းခြုံထားတဲ့ ပြည်နယ်တခုလို့ပဲ တွေးကြည့်ပါ” “ရှင်းရှင်းပြောရရင် အခုကာလတွေမှာ ဝတပ်မှူးတွေက စိတ်ကြွဆေးထုတ် ဓာတ်ခွဲခန်းတွေကို တိုက်ရိုက်ကြီးကြပ်တာ ရှားပါတယ်။ အဲဒီအစား တရုတ်အဖွဲ့အစည်းတွေကို သူတို့ပိုင်နက်ထဲမှာ ဓာတ်ခွဲခန်းတွေဖွင့်စေပြီး ငှားရမ်းခတောင်းကြပါတယ်။ ပြင်ပအဖွဲ့အစည်းတွေကလည်း နိုင်ငံတကာ လူကုန်ကူးမှုတွေကို ကိုင်တွယ်ပါတယ်၊ အဲဒီကနေ အမြတ်အစွန်းကို မြိုးမြိုးမြက်မြက် ရပါတယ်” လို့ ဟု Mr Winn က The Diplomat နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အင်္ဂါနေ့က မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ဟောပြောပွဲမှာ သက်ဆင်က UWSA ကို သီးခြားခွဲထုတ် ပြောဆိုထားပြီး ထိုင်းအနေနဲ့ ၎င်းရဲ့ရန်သူတွေကို မညှာတာသင့်ကြောင်း ဆိုခဲ့တာပါ။

မြန်မာစစ်ကောင်စီက ၁ လ သို့မဟုတ် ၂ လအတွင်း အရေးယူဆောင်ရွက်အောင် တွန်းအားပေးဖို့ ထိုင်းအစိုးရကို သူကတိုက်တွန်းထားပြီး သူတို့ (စစ်ကောင်စီအာဏာပိုင်တွေ) အနေနဲ့ ပျက်ကွက်ခဲ့ရင် ထိုင်းက တိုက်ရိုက်ဝင်ရောက်ပြီး ကိုင်တွယ်ဖို့လိုအပ်နိုင်ကြောင်းလည်း ဆိုခဲ့တာပါ။

လက်ရှိဝန်ကြီးချုပ် ပတွန်တန်ကတော့ သူမဖခင်ရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ စဉ်ဆက်မပြတ် မူးယစ်ဆေးနှိမ်နင်းရေးအတွက် အသုံးဝင်ပြီး လက်တွေ့ကျတဲ့ ဘယ်လို သတင်းအချက်အလက်မဆို အမြဲကြိုဆိုတယ်လို့ ကြာသပတေးနေ့မှာ တုံ့ပြန်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ကောလင်း သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရမှုကို NUG အနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ CDM အဖွဲ့အစည်းတွေ တောင်းဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က သယံဇာတအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံခံရမှုအတွက် NUG အနေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
Read More

ဘောလခဲမှာ ကျဆုံးခဲ့တဲ့ KNDF ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား

ကရင်နီပြည်၊ ဘောလခဲမြို့နယ် စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ဒရုန်းတပ်သားရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၁၅) က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ပြည်သူတွေနေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေအတွက် ကျိန်စာမဖြစ်စေဖို့ သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း NUG ဝန်ကြီးချုပ် ပြောကြား

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေနဲ့အတူ ပြည်သူတွေကို ဒုက္ခပင်လယ်ထဲ တွန်းပို့နိုင်တဲ့ သယံဇာတကျိန်စာ မဖြစ်ပေါ်စေဖို့အတွက် သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

မော်လမြိုင်တွင် ကျောင်းဆရာမ တဦး အသတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အငြိမ်စားကျောင်းဆရာမ တယောက်နေအိမ်အတွင်းထဲ အသတ်ခံရပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။