ပဲခူးနဲ့ ကရင်ပြည်နယ်အစပ်က တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့အတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

မေလ ၂၈ရက်၊ ညနေပိုင်းက တောင်ငူ-လိပ်သို လမ်းမကြီးရဲ့ သံမိုးတောင်- ကော်ပတ်ခြံ-ကမ္မလာခြံလမ်းပိုင်းဆီ စစ်ကောင်စီတပ်တွေ ရိက္ခာနဲ့ခဲယမ်းများ တင်ဆောင်ပြီး စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာကနေ ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ သိရတာပါ။

“ရန်သူ့စစ်ကြောင်း ကား ၅စီးလောက်နဲ့ တက်လာတာပါ။ သံမိုးတောင်ကနေ လိပ်သိုဘက်တက်တာဖြစ်နိုင်တယ်။ လိပ်သိုဗျူဟာကို လက်နက်၊ ခဲယမ်း ရိက္ခာ နဲ့ အင်အားလာဖြည့်တယ်လို့ ယူဆရတယ်။ ကျနော်တို့မိုင်းဆွဲပြီးမှ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ” လို့ ဝရဇိန်တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဝရဇိန်အဖွဲ့နဲ့အတူ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။
” ဝရဇိန်တပ်ဖွဲ့မှာ အဆင့်မြင့် ဒရုန်းတပ်ဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဆိုပြီး unit နှစ်ခုရှိပါတယ်ဗျ။ အခုပြီးခဲ့တဲ့တိုက်ပွဲမှာတော့ ရာသီဉတုအခြေအနေကြောင့် drone နဲ့ တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပါဘူးဗျ” လို့ ဝရဇိန်တပ်ဖွဲ့တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

နာရီဝက်ကြာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ကစဥ့်ကလျားနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုအပြီး စစ်ကောင်စီက အင်အား ၁ ရာဝန်းကျင်ပါ စစ်ကောင်စီတပ်တွေကို ကား၄စီးနဲ့ အတူ သံမိုးတောင်ကနေ လိပ်သိုဗျူဟာဆီ ထပ်မံဖြည့်တင်းခဲ့တယ်လို့လည်း အဆိုပါ ဝရဇိန်တာဝန်ရှိသူကပြောပါတယ်။

တောင်ငူ-လိပ်သို-လွိုင်ကော် လမ်းမကြီးပေါ်က လိပ်သိုမြို့နယ်မှာ ဗျူဟာမှူးအထိုင်ချတဲ့ လိပ်သိုဗျူဟာတည်ရှိတာကြောင့် အထက်ပါ လမ်းပိုင်းကိုအသုံးပြုရင်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ပုံစာ- ဝရဇိန်တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်(ပုံဟောင်း)
0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် AA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ် အများအပြား သေဆုံးပြီး စစ်ကြောင်းပြန်ဆုတ်၊ ရှမ်းမြောက်ထိုးစစ်မှာ အနိုင်ရခဲ့သည့် စစ်အုပ်စု တပ်ရင်းတပ်ဖွဲ့များ AA ၏ ခုခံစစ်အတွင်း အလူးအလဲ ခံရပြီး ခွေးပြေးဝက်ပြေး ပြေးနေရဟု AA ပြော

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က သေဆုံးမှုများခဲ့သလို စစ်တပ်ဆီက လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သား ရုပ်အလောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိနာကာ ပြန်ဆုတ်သွား

"ကနဦး သူတို့က ရွှေဘိုလေ့ကျင်ရေးကနေ ကန့်ဘလူ ၆၀၀၆ကို ရောက်တယ်၊ အဲ့ကနေမှ ဇီးကုန်းနဲ့ ကာဘိုးအထိုင်ကိုရောက်ပြီး ကျနော်တို့ဘက်ကို ထိုးတယ်ပေါ့။ ရေဦးဘက်ကနေလည်း စစ်ကြောင်းထွက်တယ်။ အဲ့မှာတနယ်ဘက်ကို ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ Local တွေစုပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်" လို့ အဆိုပါ တန့်ဆည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။
Read More

ဘုတ်ပြင်းမှာ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားသူတွေကို စစ်ကောင််စီတပ်နှင့်ရဲ ပစ်ခတ်ဖမ်းဆီး၊ အမျိုးသား ၁ ယောက် သေဆုံး၊ ၆ ယောက်ထိခိုက်ကာ အယောက် ၆၀ နီးပါး ဖမ်းဆီးခံထားရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ နယ်စပ်ဖြတ်ကျော်ဖို့ကြိုးစားတဲ့ အမျိုးသားတွေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ယောက်သေဆုံးကာ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကြောင့် ပေါက်အရှေ့ခြမ်းရှိ အရပ်သားပြည်သူများ မိုးရေထဲ စစ်ရှောင်နေရ

"ဝါယမက ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ပါ။ ပျူစောထီးခေါင်းဆောင်ပါ။ အာဏာမသိမ်းခင်ကတည်းက မဘသဘုန်းကြီးပါ။ အမေစု မုန်းတီးရေး တရားဟောတယ်။ အာဏာသိမ်းတာကို ထောက်ခံကြောင်း အဦးဆုံးပြောတဲ့ဘုန်းကြီးပါ။ ညောင်ဂျစ်ပင်နဲ့ အခုတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ရေလာလေးကို သူခေါင်းဆောင်တယ်။ စခတွေပျူတွေကို သူ့ကျောင်းမှာ ထားတယ်။ ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းမှာ ငွေညှစ်တယ်။ မရရင် ဖမ်းတယ်" လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။