ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၄.၄ ပြင်းအားအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

မေလ ၃၀ ရက် နေ့လယ်ပိုင်းက တောင်ကြီးမြို့ တောင်ကြီးမြို့၏အရှေ့ဘက် ၁၃ ကီလိုမီတာအကွာမှာ အင်အား ၄.၄ ပြင်းအားအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တောင်ကြီးမြို့နေ ပြည်သူများ ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားလိုက်ရပြီး အထိတ်တလန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီလည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကဆိုပါတယ်။

Video: Khin Lei Wai
0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ် (၁) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ယနေ့နံနက်ပိုငး်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်အနုပညာရှင်ခါရာ

တော်လှန်အနုပညာရှင်ခါရာက မတရားဖမ်းဆီးချုပ်နှောင်မှုအောက်မှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်ကမ္ဘာလုံးရှိ မြန်မာနိုင်ငံသားတွေအားလုံး ပူး ပေါင်းပြီး သတင်းဖြန့်ဝေပေးဖို့ နှိုးဆော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့်တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တတ/၁၂၅၇၈၁ တပ်သား-နိုင်လင်းထွန်း ပြောကြားချက် ( ရုပ်/သံ)

အလင်းဝင်လာတာက ကျွန်တော်တို့ကလည်း ငတ်ပြတ်နေပြီ ကျွန်တော်တို့ စိတ်ဆန္ဒမပါဘဲနဲ့ ဒါတွေ ခိုင်းတယ်။ ပြီးတော့ အစားအသောက်ပေါ့ သူတို့ကတော့ စားနေသောက်နေပြီးတော့ ကျနော်တို့က ငတ်ပြတ်ပြီးတော့ ရှေ့ကနေတိုက် သူတို့ကတော့ စားသောက်ပြီး မင်းတို့ သေချင်သေပါစေ ပုံစံမျိုးနဲ့။
Read More

စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ အလောင်း ၂ လောင်းနှင့် လက်နက်အချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ် ပြန်ထားပါတယ်။
Read More

လားရှိုးမြို့ကို ရေပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်လို့ MNDAA ထုတ်ပြန် (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေက လားရှိုးဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး လားရှိုးမြို့ကို ရေပေးဝေနိုင်ရေးအတွက် အဓိကလုပ်ဆောင်နေကြောင်း ခေါ်ယူရှင်းလင်းအသိပေးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး က ထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က နေ့ခင်းကြောင်တောင် အတင်းအဓမ္မ စစ်သားစုဆောင်းနေ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အကြမ်းဖက်စစ်တပ်က မြို့ရွာတွေပေါ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာပါတယ်။