ယခုရက်ပိုင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် တိုင်းစစ်ဦးစီးမှူး (ပထမတန်း-G1) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့ စစ်သုံပန်းအများအပြားကို ဖမ်းဆီးရမိထားပြီး၊ အာရက္ခတပ်တော် (AA) ထံကို လက်နက်ချ အညံခံလာသူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာအနီးက တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းအများအပြားကို လက်နက်ခဲယမ်းတွေနဲ့အတူ AA ကဖမ်းဆီးရမိထားတယ်လို့ သိရတာပါ။

“G1 ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ ကျွန်တော်တို့လည်း သိရှိထားပါတယ်။ တချို့တွေကတော့ ပြောကြတယ် G1 ဆိုတာက ရုံးထိုင်ရတာပေါ့။ တပ်မတွေ … စအခတွေမှာက G1 တစ်ယောက်တည်းပဲရှိတယ်။ ဒါပေမယ့် စစ်ထွက်တဲ့အခါမှာ ဗျူဟာမှူးက ၃ယောက်မပြည့်ရင် G1 က ခေတ္တ ဗျူဟာမှူးအနေနဲ့ လိုက်ရလေ့ရှိတယ်။ အခုဖြစ်စဉ်ကလည်း နည်းဗျူဟာမှူး မရှိလို့ G1 ကနေပြီးတော့ ခေတ္တ ဗျူဟာမှူးအနေနဲ့ ကျောက်ဖြူကို အရေးပေါ် ထွက်လာရတာလို့ ပြောရမှာပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

တဆက်တည်းမှာပဲ စစ်တပ်က နည်းဗျူဟာမှူးတွေဟာ တိုက်ပွဲများအတွင်း သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေ မကြာခဏ ဖြစ်နေတာကြောင့် အလျင်မှီအောင် နည်းဗျူဟာမှူးတွေကို ပြန်လည် ခန့်အပ်နိုင်ခြင်း မရှိသေးတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ပြီခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာလည်း ကျောက်ဖြူမြို့နဲ့ ၆မိုင်အကွာကတိုက်ပွဲဖြစ်ပွားရာနေရာမှာ AA ရဲ့ စနိုက်ဘာနဲ့ တိုက်ခိုက်မှုကြောင့် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးအောင်အပါအဝင် ၅ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်တွေနဲ့ AA ပူးပေါင်းတပ်တွေဟာ ကျောက်ဖြူမြို့နယ်ထဲမှာ နေ့စဉ်နီးနီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီး AA ဘက်ကနေ အသာစီးရထားတဲ့ အခြေအနေဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကနေ သုံးသပ်ပြောဆိုပါတယ်။

“ကျောက်ဖြူမှာကတော့ နေ့တိုင်းကို ထိတွေ့တိုက်ပွဲ မဖြစ်တဲ့နေ့မရှိသလောက်ပဲ။ သေသေချာချာပြောလို့ မရသေးပေမယ့် ကျောက်ဖြူမှာ AA ကနေ အသာစီးရလာပြီပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က စစ်တပ်ရဲ့ အကောင်ကြီးတွေကို အရင်ဖမ်းတယ်။ ချောင်းမြောင်းပစ်ခတ်တယ်ပေါ့။ ဒီလိုနဲ့ပဲ တိုက်ပွဲအရှိန်ကို ဖော်ဆောင်လာတဲ့ အနေအထားမျိုး ရှိနေပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်မှာ တရုတ်အတွက် အရေးပါတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းရှိတာကြောင့် စစ်ကောင်စီကလည်း ကျောက်ဖြူမြို့ မကျရေးအတွက် အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ဒေသမှာ အပြီးသတ် သိမ်းပိုက်ဖို့ မြို့၃ မြို့ (စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်) သာကျန်ရှိတော့ပြီး၊ အဆိုပါမြို့များကို သိမ်းပိုက်နိုင်ရေး AA ကစစ်ရေးအရှိန် မြှင့်တင်လာတာလည်းဖြစ်ပါတယ်။

ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုံ စတဲ့တရုတ်ရဲ့ စီမံကိန်းကြီးများရှိရာ ကျောက်ဖြူမြို့ဟာ နှစ်ဖက်အတွက် အလွန်အရေးပါတဲ့ မြို့ဖြစ်ပြီး၊ လက်ရှိစစ်ရေးအသာစီး ရရှိလာမှုများကြောင့် AA အနေနဲ့ ကျောက်ဖြူကို မကြာသောအချိန်မှာ သိမ်းပိုက်နိုင်တော့မယ်ဆိုတဲ့ စစ်ရေးသုံးသပ်မှုတွေလည်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကောလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ဝေါ်လေဒေသ စစ်ကောင်စီတပ် ဥကရစ်ထစခန်း၏ ကာကင်းစခန်း (ရွှေအေးမြိုင်တပ်စခန်း) ကို KNU တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ် ၊ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဥတ္တူကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ဝတုတ်၊ ဝက်ငယ်နှင့် ဥတ္တူ တို့၏ စျာပန

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၈ နှစ်အရွယ် ရဲဘော် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ရဲဘော်တို့ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အလင်းဝင်သူ ၃ ယောက်နဲ့ နေပြည်တော် ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အလင်းဝင်သူ ၃ ယောက်နဲ့ ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။