စစ်ကောင်စီက တရားမဝင် အကြမ်းဖက်အုပ်ချုပ်နေတဲ့ အာဏာသိမ်းကာလအတွင်းမှာ ပြည်ပထွက်ခွာသူတွေ များလွန်းတာကြောင့် နိုင်ငံခြားငွေဈေး မြင့်တက်နေရတယ်လို့ ယမန်နေ့ မေလ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနဲ့ ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။

“Non Trade မှာ လိုငွေတွေ အများကြီးပြတယ်။ အနှုတ်တွေ တအားများပါတယ်။ ပြည်ပထွက်ခွာမှုတွေ တော်တော်ကို များတာတွေ့ပါတယ်။ ပြည်ပထွက်ခွာမှုတွေက လမ်းလျှောက်သွားတာ မဟုတ်ဘူး။ လေယာဉ်ပျံနဲ့ သွားကြတာကိုးဗျ။ လေယာဉ်ခတွေ ကုန်တာပေါ့၊ အဲဒီမှာ… ဒါ .. အခြေခံလေးတခုပဲ ကျွန်တော်တွက်ပြတာပါ” လို့ မင်းအောင်လှိုင်က ပြောခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက ၎င်းတို့ အုပ်ချုပ်နေစဉ်အတွင်း တိုင်းပြည်မှာ ကုန်သွယ်ရေး ပိုငွေပြခဲ့ပေမယ့် ပြည်ပထွက်သူများ များပြားနေခြင်း၊ ပြည်ပမှပစ္စည်းတွေ တရားမဝင် မှာယူတင်သွင်းနေတာတွေကြောင့် နိုင်ငံခြားငွေ သုံးစွဲမှုများပြားကာ လိုငွေပြလာပြီး၊ နိုင်ငံခြားငွေစျေးလည်း မြင့်တက်နေရတာ ဖြစ်တယ်လို့ ပြည်သူတွေအပေါ် အပြစ်တင်ပြောဆိုခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း ပထမနှစ်မှာ ကုန်သွယ်မှု ပိုငွေပြပြီး နောက်နှစ်နှစ်မှာတော့ လိုငွေပြခဲ့ကြောင်း၊ လေးနှစ်စလုံးပေါင်းပါက ပိုငွေပြကြောင်း၊ တရားမဝင် တင်သွင်းကုန်တွေနေရာမှာ ပြည်တွင်းထုတ်ကုန်တွေကို အစားထိုးနိုင်ရေး လုပ်ဆောင်ဖို့တွေကိုလည်း စစ်ခေါင်းဆောင်က ခပ်တည်တည်ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းထုတ်ကုန် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ .. “ကုန်ထုတ်လုပ်မှုက မဖြစ်မနေ လိုအပ်ပါတယ်။ စက်ရုံတွေ၊ အလုပ်ရုံတွေ မရပ်ဖို့ လိုအပ်ပါတယ်။ ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေး ပိုမိုကောင်းမွန်ရမည်… ဒါမှပဲ ဈေးကွက်မှာ ရောင်းအားတွေ တိုးတက်လာမှာဖြစ်တယ်။

“အသုံးရှိတယ်ဆိုရင် ဝင်ငွေရအောင် ပြန်ရှာဖို့ လိုအပ်ပါတယ်၊ ဝင်ငွေရအောင် ပြန်မရှာနိုင်ရင် တိုင်းပြည်က တဖြည်းဖြည်းနဲ့ လုံးပါး ပါးသွားမှာဖြစ်တယ်” လို့လည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆိုသွားခဲ့ပါသေးတယ်။

မင်းအောင်လှိုင်အနေနဲ့ အခုလို နိုင်ငံခြားငွေ ရှားပါးလာမှုအပေါ် ပြည်သူများကို ပြစ်တင်ပြောဆိုနေပေမယ့်၊ ၄င်းဦးဆောင်တဲ့ စစ်ကောင်စီက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှသာ နိုင်ငံခြားငွေ အဓိကရရှိတဲ့ နိုင်ငံခြားပို့ကုန်များ အကြီးအကျယ်ကျဆင်းသွားခြင်း၊ နယ်စပ်ကုန်သွယ်ဂိတ်များ EROs လက်ထဲရောက်သွားလို့ ပိတ်ထားရခြင်း၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အကြီးအကျယ် ပြန်လည်ရုတ်သိမ်းထွက်ခွာသွားခြင်းများ ကြုံတွေ့ရကာ တိုင်းပြည်အနေနဲ့ ပြင်းထန်တဲ့ စီးပွားရေးအကြပ်အတည်းအတွင်းကို သက်ဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါတွင် ခလရ ၅၀ အခြေစိုက် စစ်အုပ်စုများ စိုင်ဒူးရွာကို သေနတ်ဖောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရှော့တိုက်ဒုံးအပစ်ခံထားရတဲ့ ခလရ ၅၀တပ်က အကြမ်းဖက်စစ်အုပ်စုဟာ မြို့အနောက်မြောက်ဖက်ခြမ်း စိုင်ဒူးကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 
Read More

ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးနေသည့် လမ်းပိုင်းများကို ပအဖ နှင့် ဆည်မြောင်းဌာနတို့ ပြည်သူနှင့်အတူ ပြုပြင်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇွန်လအစောပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်‌ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ပျက်စီးခဲ့တဲ့ မူးဘောင်လမ်းတွေကို အလျင်အမြန် ပြုပြင်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။