ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ် မော်ခီးတပ်စခန်းကို KNLA ပူးပေါင်း တပ်တွေက မေလ ၃၀ ရက် နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ယင်းနေ့နံနက် ၄ နာရီခန့်က မြဝတီမြို့နယ်အတွင်းရှိ အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ ဘုရင့်နောင် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်မှာပဲ မော်ခီးတပ်စခန်းကို တစ်ဆက်တည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စခန်း ၂ ခုလုံးရှိ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားပြီးနောက် တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မော်ခီးစခန်းကို ၂၀၂၂ မတ်လ ၂၁ ရက်ကလည်း KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် ခဲ့ဖူးပြီး စစ်ကောင်စီတပ်က လူအင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့တဲ့အတွက် ၂၀၂၂ ဧပြီ ၆ ရက်က ပြန်လည်သိမ်းယူသွားခဲ့တာဖြစ်ပါတယ်။

Vidoe-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးကြောင့် ရုရှား ဗုံးကြဲလေယာဉ်များအပါအဝင် လေယာဉ် ၄၁ စင်း ပျက်စီး (ရုပ်/သံ)

ရုရှားနိုင်ငံရဲ့ လေတပ်နဲ့ လေဆိပ်တွေအနီးမှာ ယူကရိန်းက ကြိုတင်စီစဉ်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ ဗုံးကြဲလေယာဉ်တွေအပါအဝင် လေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မူဆယ်မြို့အထွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အထွက်မှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေရဲ့ တာဝန်ထမ်းဆောင်နေမှုပုံရိပ်တွေကို ကျောင်းသားလက်ရုံးတပ်တော်ထုတ်ပြန် (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်းဆင်းရဲဘော်တွေဟာ ကျရာတာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ် တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို AA ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ် (ရုပ်/သံ)

ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို အာရက္ခဒေသ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပေးခဲ့တယ်လို့  အာရက္ခတပ်တော်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။
Read More

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများက အောင်သပြေပန်းနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

ကလေးမြို့ GTC သို့ ထွက်လာတဲ့ စစ်တပ်ယာဉ်ကို မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့က နည်းပညာတက္ကသိုလ် (GTC) သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ် ၂ စီးကို ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက အဝေးထိန်းမိုင်း ၂ လုံးနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။