ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၄.၄ ပြင်းအားအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

မေလ ၃၀ ရက် နေ့လယ်ပိုင်းက တောင်ကြီးမြို့ တောင်ကြီးမြို့၏အရှေ့ဘက် ၁၃ ကီလိုမီတာအကွာမှာ အင်အား ၄.၄ ပြင်းအားအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တောင်ကြီးမြို့နေ ပြည်သူများ ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားလိုက်ရပြီး အထိတ်တလန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီလည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကဆိုပါတယ်။

Video: Khin Lei Wai
0 Shares:
You May Also Like
Read More

ကချင်ပြည်နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရမည်းသင်းတွင် ကားကို ဆိုင်ကယ်ဝင်တိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အမျိုးသား ၂ ဦး သေဆုံး (ရုပ်သံ)

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကုက္ကိုကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းရွာအကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၅ ကြောင်းခွဲ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်း ၅ ကြောင်း ခွဲကာ ဒီဇင်ဘာ ၇ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂၅) ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ပျောက်ဆုံးနေသည့် တိုက်လေယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီက ပျောက်ဆုံးနေကြောင်း ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ် ဖား‌ဆောင်းမြို့နယ်အတွင်းမှာ အပျက်အစီးတွေနဲ့တကွ ပြန်လည်တွေ့ရှိခဲ့ပါတယ်။