စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကင်းရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မေလ ၂၈ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်မြောက်ခြမ်း မင်းကွန်းရွာကို ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မင်းကွန်းရွာ သင်္ဘောကျင်းကတဆင့် ကင်းရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မီးရှို့ခဲ့တာလို့သိရပါတယ်။

“ကားတွေနဲ့ ရွာထဲဝင်လာပြီး လက်နက်ငယ်တွေ ရမ်းပစ်််တယ်။ အင်အား၅၀လောက်ရှိမယ်။ ဒလန်သတင်းပေးချက်အရ လူလာရှာတာလို့သိရတယ်။ အဲ့ဒါမတွေ့တော့ အိမ်တွေမီးရှို့သွားတာပဲ”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကင်းရွာအတွင်းက နေအိမ် ၁၈လုံးနီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့လည်း Wetletinformational Network ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ ကတဆင့် မင်းကွန်းရွာ ရဲစခန်းဆီ စက်လှေတွေနဲ့ အင်အားဖြည့်တင်းခဲ့သေးတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် ကင်းရွာ မြင်ကွင်း (ဓာတ်ပုံ Wetlet informational Network)

0 Shares:
You May Also Like
Read More

CDF – KKG တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw, CDF - KKG တပ်ရင်း (၇) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ကေတုမတီလေတပ်စခန်း တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီး ၂ဦး၊ ဗိုလ်ကြီး ၂ ဦးအပါ ၁၀ဦး သေဆုံး ဒရုန်းဂိုဒေါင် မီးလောင်ကာ Jet Fighter ၂ စီး၊ Y-8 ၁ စီး ထိခိုက်ပျက်စီး

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ မန္တလေး PDF ဖိတ်ခေါ်

“စစ်မှုထမ်း အပတ်စဉ် ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက တောရော မြို့ပါမကျန် လူငယ်တိုင်း သတိချပ်ကြပါ။ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင် တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါ” လို့လည်း MDY PDF က‌ထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်အတွင်း ရွေးကောက်ပွဲ ဝင်ပြိုင်သူ၏ ပိုင်ဆိုင်မှု​များကို ပြည်သူပိုင်သိမ်းပြီး ထောင်ဒဏ်ပါ ကျခံရမည်ဟု ချင်းပြည်ကောင်စီကြေညာ

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းမှာ ဖြစ်သလို ထောင်ဒဏ်ပါ ကျခံရမယ်လို့ ချင်းပြည်ကောင်စီ (CC) ကနေ ဒီနေ့ နိုဝင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။