ကရင်ပြည်နယ် ၊ မြဝတီ – ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မေလ ၂၉ ရက် မနေ့က မနက်ပိုင်းမှာ KNU လက်အောက်ခံတပ်တွေ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဟာ ဆုံဆည်းမြိုင်နဲ့ ဥကရစ်ထရွာကြားမှာ တည်ရှိပြီး ဥကရစ်ထစခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ ရွှေအေးမြိုင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြဝတီမြို့တောင်ဘက် ၊ ဝေါ်လေ ဒေသရှိ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေ ၊ ကနဲလေး၊ ဘလယ်ဒို ၊ မော်ခီး နဲ့ သေ့ဘောဘိုး တပ်စခန်းတွေကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဘလယ်ဒို ၊ ကနဲလေး နဲ့ ဝါးမီထတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် စစ်ကောင်စီတပ်စခန်းတွေကို KNU က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့မနက်ပိုင်းအထိ အရပ်သားပြည်သူ ၅၀၀ ကျော် ထိုင်းနိုင်ငံဘက်အခြမ်း စစ်ဘေးရှောင်ခိုလှုံလာတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူများ
ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူများ
0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက စိုးမိုးနယ်မြေအတွင်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ရဲဘော်တွေဟာ တိုက်ပွဲမဖြစ်ပွားတဲ့ စစ်ရေးအားလပ်ချိန်မှာ စိုးမိုးနယ်မြေအတွင်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးကော်မရှင်ဟုဆိုပြီး ဖွဲ့စည်း

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်မှာ လက်နက်ကိုင်တွေ အချင်းချင်း ညီညွတ်ကြဖို့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ဟာ အဓိက ရည်မှန်းချက်ဖြစ်တာကြောင့် လက်နက်ကိုင် တော်လှန်နေသူတွေအားလုံး အချင်းချင်းကူညီကြဖို့ကို KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက  တိုက်တွန်းပြောကြားလိုက်ပါတယ်။