ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ထိုင်းသတင်းတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် – KNDO နဲ့ PDF ပူးပေါင်းတပ်တွေဟာ ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာအနီးရှိ ဘုရင့်နောက်တပ်စခန်းကုန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်ကောင်စီစခန်းကို ဒရုန်းတွေနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဘုရင့်နောင်စစ်တပ်စခန်းဟာ ဝေါ်လေဗျူဟာ စစ်စခန်းအနီးမှာရှိပြီး တော်လှန်ရေးတပ်တွေ အရင်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ဖူးပေမယ့် သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဘဲ အခုတစ်ကြိမ်တိုက်ခိုက်မှုမှာတော့ နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကြောင့် ဒီနေ့မနက်ပိုင်းအထိ မြန်မာပြည်သူ ၅၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်အခြမ်း စစ်ဘေးရှောင် ခိုလှုံလာတယ်လို့ ထိုင်းသတင်းတွေ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Venom Column နှင့် AEC Thailand News)

ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူများ
ဒီနေ့မနက်ပိုင်း ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူများ
0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့ပေါ်မှာ ပကဖ ရဲဘော်များက ကင်းလှည့်ကာ  ရှောင်တခင် စစ်ဆေး၊ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း ထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းက ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

စာသင်ကျောင်းမှာ ‘ကျောင်းဆရာဆရာမများ စာသင်ရပ်ရန်’ ဆိုပြီး စာကပ်သွားလို့ အုပ်ကြီးက စစ်တပ်ကိုလှမ်းတိုင်၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မင်းပြားကျေးရွာစာသင်ကျောင်းမှာ ကျောင်းဆရာဆရာမများ စာသင်ရပ်ရန် ဆိုတဲ့ စာလာကပ်ထားလို့ဆိုပြီး အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ကာ အကြမ်းဖက်စစ်တပ်ကို အကြောင်းကြားခဲ့လို့ စစ်တပ်က ကား ၂စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်သွားစေတဲ့ ၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ခဲ့ပြီ

၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။