စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က အဆိုပါ စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကို အလင်းဝင်ချင်ကြောင်း ဒို့အရေးချန်နယ် အတွင်းရေးမှူး မရွှေဂျူးထံ ဆက်သွယ်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒို့အရေးချန်နယ်ရဲ့ ချိတ်‌‌ဆက်ပေးမှုနဲ့အတူ ပကဖ တပ်ဖွဲ့ထံကို အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့က အလင်းဝင်လာသူရဲ့ ဇွဲနဲ့ ချိတ်ဆက်မှု ကြည့်ပါတယ်။ နောက်ခံ အ​နေအထား​တွေကို ချိတ်ဆက်​လေ့လာပါတယ်။ အဲဒီက​နေမှ သူတို့ကို ချိတ်ဆက်​ပေးပြီး ကာလတစ်ခု အတိုင်းအတာတွင်း တော်လှန်​ရေး အဖွဲ့အစည်းထံ ခိုလှုံမှုတွင်လည်း စောင့်ကြည့်ခြင်းများဖြင့် ထားရှိပါတယ်” လို့ ဒို့အရေးချန်နယ်ရဲ့ ဥက္ကဋ္ဌ ဦးလှမြင့်(ခ)ငြိမ်းချမ်းအောင် ကမောင်းကို ပြောပါတယ်။

အလင်းဝင်တဲ့ စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ MA1 အမျိုးအစားသေနတ် ၂ လက်၊ ၃၆ ခွင်းဗုံး ၂ လုံး၊ နင်းမိုင်း ၂ လုံး၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀၀ တို့ကိုလည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

“အလင်းဝင်ခဲ့တဲ့သူတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားပေါ်တာဆွဲခံရလို့ စစ်တပ် အတွင်း ရောက်ခဲ့ရတာဖြစ်ပြီးတော့ ၅ လကျော်ပဲရှိပါသေးတယ်။ သူတို့က စစ်မှုထမ်းအပတ်စဉ် ၈ ကို တက်ခဲ့ရကာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပို့ဆောင်ခံခဲ့ရတာပါ” လို့လည်း ဒို့အရေး ချန်နယ်ကနေ ဖော်ပြထားပါတယ်။

အလင်းဝင်ခဲ့သူ ၂ယောက်ဟာ ပကဖနဲ့အတူ စစ်ကောင်စီကို ဆက်လက်တော်လှန်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကာ ၂၀၂၅ မှာ သာလွန်စွမ်းဆောင်ရည်များဖြင့် ကြိုးစားကြဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတ တိုက်တွန်း

တော်လှန်ရေးအလုပ်တွေကို မြန်ဆန်၊ လွယ်ကူ၊ ထိရောက်အောင် ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 
Read More

NUG တရားဝင် တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို NUG ဝန်ကြီး ဒေါက်တာ တူးခေါင် ကွင်းဆင်းစစ်ဆေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်း စာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်းစာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) က ထုတ်ပြန်ထားပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကျေးရွာတွေကို သန်းခေါင်စာရင်းကောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးသွားတယ်လို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။
Read More

သေချင်ချင် မသေချင်ချင် အတင်းသေခိုင်းပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးနေတဲ့ စစ်ကောင်စီ၊ မောင်တောတိုက်ပွဲမှာ ထွက်ပြေးရင်း မိုင်းနင်းမိကာ သေဆုံးတဲ့ အောင်နေမျိုး သူရဲကောင်း မှတ်တမ်းဝင်ခဲ့

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ ၉ယောက်ကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။