စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁၅ ရက်မှာ ရွှေဘိုမြို့ကနေ တံခွန်တိုင်၊ ကြောင်မန်းကန်နဲ့ သစ်ချိုပင်ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့ – Phoenix Wings၊ BLACK WOLF-ARMY ၊ Dragon Urban Guerrilla၊ ပြည်သူ့အစေခံအဖွဲ့နဲ့ လှတောတိုက်နယ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဇာမဏီဒရုန်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ဆက်ကြေးတောင်းနေသည့် ရေဦးဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင် ရေဦးဂိတ်မှာ ဆက်ကြေးတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army -TPA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Fight For Freedom က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျည်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ သထုံခရိုင် အမှတ် ၇၈၀၁ တပ်ရင်းရဲဘော်တွေက ဆုတောင်းပေး (ရုပ်/သံ)

သထုံခရိုင် အမှတ် ၇၈၀၁ တပ်ရင်းမှ ရဲဘော်တွေက သီတင်းကျွတ်အခါသမယမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ နိုင်ငံရေးအကျည်းသားများအားလုံး ကျန်းမာပြီး အချုပ်အနှောင်မှာ အမြန်ဆုံးလွတ်မြောက် စေဖို့ ဆုတောင်းမေတ္တာပို့သခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ဆင်းလူးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင် ဝေဟင် ပူးတွဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် မင်းဘူးခရိုင် အမှတ်-၄တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်းလူးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင်‌ ဝေဟင် ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းကုန်းအား လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွမ်ကျိုက်ကျေးရွာအနီး တပ် စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းအား မတ်လ ၁၇ ရက်က လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ထံက သိရပါတယ်။
Read More

ထိုင်းတောင်ပိုင်း ဟတ်ရိုင်မြို့ ရေကြီးမှုတွင်မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း အခက်ကြုံ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်မြို့မှာ သမိုင်းတလျှောက် စံချိန်တင်ရေကြီးမှုဖြစ်ပေါ်နေတဲ့အတွက် အိမ်ထောင်စုပေါင်း ၂ သိန်းကျော်၊ လူဦးရေ ၆ သိန်းကျော် ရေဘေးသင့်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ဒုက္ခကြုံတွေ့နေရပါတယ်။