မြန်မာနိုင်ငံနယ်စပ်မြို့ ဘုရားသုံးဆူကို လမ်းပေါက်နေတဲ့ ထိုင်းနိုင်ငံ၊ စံခလဘူရီနယ်ထဲက နယ်စပ် ကုန်လှောင်ရုံတွေအားလုံးကို ပိတ်ထားဖို့ ထိုင်းအာဏာပိုင်တွေက အမိန့်ထုတ်လိုက်ကြောင်း ဘန်ကောက်ပို့စ်က မေလ ၂၈ ရက်မှာ ရေးသားဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ထဲ မြန်မာပြည်ကနေ ဘတ်ငွေ ၁၈ သန်းခန့် သယ်ဆောင်လာတဲ့ ထိုင်းအမျိုးသားတစ်ယောက်ကို ဖမ်းဆီးရမိပြီးနောက် အခုလို အမိန့်ထုတ်ခဲ့တာပါ။

ရတ်ဘူရီက အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသားကို အင်္ဂါနေ့က နွန်လူရွာထဲမှာရှိတဲ့ ဓာတ်မြေဩဇာဂိုထောင်မှာ ဖမ်းမိခဲ့ကြောင်း၊ သူဟာ နယ်စပ်ကုန်လှောင်ရုံ နောက်ဖေးပေါက်ကတဆင့် ဘုရားသုံးဆူကနေ တနင်္လာနေ့က လာခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ အမျိုးသားဟာ ငွေသား ဘတ် ၁၇.၉၉ သန်း သယ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ဆန်ခလာဘူရီခရိုင်ရှိ နယ်စပ်ကုန်လှောင်ရုံတစ်ခု၏ နောက်ဘက်တံခါးကို တာဝန်ရှိသူများက အင်္ဂါနေ့တွင် အပြီးတိုင်ပိတ်လိုက်သည် [ဓာတ်ပုံ Piyarach Chongcharoen]
စံခလဘူရီခရိုင်အကြီးအကဲနဲ့ ဒေသအာဏာပိုင်တွေက ဂိုဒေါင်ကို စစ်ဆေးပြီးနောက် ဘုရားသုံးဆူကို နောက်ဖေးပေါက် ဖွင့်ထားတဲ့ နယ်စပ်ကုန်လှောင်ရုံတွေအားလုံးကို ပိတ်ဖို့အတွက် ပိုင်ရှင်တွေကို အကြောင်းကြားခဲ့တာပါ။

အဆိုပါဧရိယာအတွင်း မြန်မာဘက်ကို ဝင်ပေါက်ဖွင့်ထားတဲ့ နယ်စပ် အဆောက်အအုံ ၄၂ လုံးရှိနေပါတယ်။

အသက် ၂၅ နှစ်အရွယ် မှောင်ခိုသမားက သူဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဲဒီနောက်ဖေးပေါက်ကနေ အပတ်တိုင်း နယ်စပ်ဖြတ်ခဲ့ကြောင်း၊ တစ်ခါဖြတ်ရင် ဘတ် ၅၀၀ ပေးခဲ့ရကြောင်း ထိုင်းရဲတွေကို ထွက်ဆိုထားပါတယ်။

သူ့အနေနဲ့ အဲဒီငွေတွေကို ဘဏ်အပ်ပြီး အကြွေးဆပ်ဖို့ ရည်ရွယ်ထားကြောင်းပြောဆိုပြီး မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ ဆက်စပ်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

အာဏာပိုင်တွေက သူ့ကို ထိုင်းဘတ်ငွေ ၃ သန်း အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မူရင်းသတင်း – Border warehouses’ back gates into Myanmar ordered shut

0 Shares:
You May Also Like
Read More

အီရန်၏ စစ်တွင်းကာလ စစ်ဦးစီးချုပ် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး

အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုရီးယားနေ တော်လှန်ပြည်သူများနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကိုရီးယားနေ တော်လှန်ပြည်သူတွေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ရုံးက ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး…

ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ ဘန်ကောက်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးအာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်းအဝေးအပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာကရစ်ရှနန် က ပြောဆိုလိုက်ပါတယ်။
Read More

သက်ဆင်ကို အာဆီယံအလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်ကြောင်း မလေးဝန်ကြီးချုပ်ကြေညာ

မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။
Read More

မြန်မာ့အရေး ရပ်တည်ချက် (၄) ရပ် ထိုင်းချမှတ်၊ ရွေးကောက်ပွဲလေ့လာသူ စေလွှတ်စေချင်ပေမယ့် တရားဝင်အသိအမှတ်ပြုတာ မဟုတ်ဘူးဟု ထိုင်းဆို

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အဓိကမူဝါဒရပ်တည်ချက် (၄) ရပ် ချမှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ ဘလန်ကူရာက အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။