စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က အဆိုပါ စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကို အလင်းဝင်ချင်ကြောင်း ဒို့အရေးချန်နယ် အတွင်းရေးမှူး မရွှေဂျူးထံ ဆက်သွယ်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒို့အရေးချန်နယ်ရဲ့ ချိတ်‌‌ဆက်ပေးမှုနဲ့အတူ ပကဖ တပ်ဖွဲ့ထံကို အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့က အလင်းဝင်လာသူရဲ့ ဇွဲနဲ့ ချိတ်ဆက်မှု ကြည့်ပါတယ်။ နောက်ခံ အ​နေအထား​တွေကို ချိတ်ဆက်​လေ့လာပါတယ်။ အဲဒီက​နေမှ သူတို့ကို ချိတ်ဆက်​ပေးပြီး ကာလတစ်ခု အတိုင်းအတာတွင်း တော်လှန်​ရေး အဖွဲ့အစည်းထံ ခိုလှုံမှုတွင်လည်း စောင့်ကြည့်ခြင်းများဖြင့် ထားရှိပါတယ်” လို့ ဒို့အရေးချန်နယ်ရဲ့ ဥက္ကဋ္ဌ ဦးလှမြင့်(ခ)ငြိမ်းချမ်းအောင် ကမောင်းကို ပြောပါတယ်။

အလင်းဝင်တဲ့ စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ MA1 အမျိုးအစားသေနတ် ၂ လက်၊ ၃၆ ခွင်းဗုံး ၂ လုံး၊ နင်းမိုင်း ၂ လုံး၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀၀ တို့ကိုလည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

“အလင်းဝင်ခဲ့တဲ့သူတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားပေါ်တာဆွဲခံရလို့ စစ်တပ် အတွင်း ရောက်ခဲ့ရတာဖြစ်ပြီးတော့ ၅ လကျော်ပဲရှိပါသေးတယ်။ သူတို့က စစ်မှုထမ်းအပတ်စဉ် ၈ ကို တက်ခဲ့ရကာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပို့ဆောင်ခံခဲ့ရတာပါ” လို့လည်း ဒို့အရေး ချန်နယ်ကနေ ဖော်ပြထားပါတယ်။

အလင်းဝင်ခဲ့သူ ၂ယောက်ဟာ ပကဖနဲ့အတူ စစ်ကောင်စီကို ဆက်လက်တော်လှန်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစကတည်းက အကျဥ်းချခံထားရသည့် နိုင်ကျဥ်း ၁ ဦး ထားဝယ်ထောင်တွင် နှလုံးဖောက် သေဆုံး

ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၁ယောက် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းကာလ ၄နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်စခန်းပေါင်း ၂၀၀ နီးပါးကို KNU သိမ်းပိုက်နိုင်ခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်တွေက ခရိုင် (၇) ခုအတွင်းရှိ စစ်အုပ်စုစခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ရဲ့ "အ ရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း" အစီရင်ခံစာက ဆိုပါတယ်။
Read More

မန္တလေးအိုးဘို အကျဉ်းထောင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ PPNM ထပ်မံထုတ်ပြန်အတည်ပြု …

"အဓိကရည်ရွယ်ချက်တော့ အကျဉ်းထောင်ထဲမှာ လူမသိသူမသိ သေဆုံးသွားတဲ့ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ဖို့ နဲ့ ထောင်ထဲမှာ အသက်ပေးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားတစ်ယောက်ချင်းစီရဲ့ ဂုဏ်သိက္ခာ၊ သတင်းဖျောက်ဖျက်ခံလိုက်ရတဲ့အတွက် နှစ်နာခံရတဲ့ မိသားစုဝင်တွေ၊ ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ကျနော်တို့အဖွဲ့အနေနဲ့နဲ့ တရားမျှတမှု ပြန်လည်ရရှိဖို့နဲ့ ဒီဖြစ်စဉ်က တကယ်ဖြစ်ခဲ့တယ် ဆိုတဲ့ ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကျနော်တို့က ပြည်သူလူထုကို၊ ပြီးတော့ဝေဝါးနေတဲ့သူတွေကို ကျနော်တို့အသိပေးချင်တဲ့အတွက် အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။